ဟောရှေ 4:13 - မြန်မာ့စံမီသမ္မာကျမ်း13 သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 အ ရိပ် ကောင်း သော ညန်၊ ထင်း ရှူး၊ သ ပိတ် ပင် များ အောက်၊ တောင် ထိပ် ပေါ်၌ ယဇ် ပူ ဇော် ခြင်း၊ ကုန်း ထိပ် ပေါ်၌ မီး ဖြင့် ဆက် ကပ် ခြင်း ကို ပြု ကြ စဉ်၊ သင် တို့ သ မီး တို့ သည် မှား ယွင်း မှု၊ မ ယား များ လည်း မျောက် မ ထား မှု ကို ပြု ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible13 တောင်ထိပ်ပေါ်၊ ကုန်းပေါ်မှာလည်းကောင်း အရိပ်ကောင်းသော သပိတ်ပင်မျိုး၊ လိဗနာပင် အောက်မှာလည်းကောင်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။