Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 29:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို​စာလိပ်​ကို စာ​မ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု ဆို​လျှင် ထို​သူ​က “​ငါ စာ​မ​ဖတ်တတ်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 စာ​မ​ဖတ်​တတ်​သူ​ကို​အ​ဖတ်​ခိုင်း​လျှင်​လည်း ထို​သူ​က``အ​ကျွန်ုပ်​အ​ဘယ်​သို့​ဖတ်​ရ​မည် မ​သိ​ပါ'' ဟု​ဆို​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​စာ​ကို စာ​မ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို​ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ငါ​သည် စာ​မ​တတ်​ဟု ပြန်​ပြော​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 29:12
8 ပူးပေါင်းရင်းမြစ်များ  

နိမိတ်​ရှိသမျှ​သည် သင်​တို့​အတွက် ချိပ်ပိတ်​ထား​သော​စာလိပ်​ကဲ့သို့ ဖြစ်​ပြီ​။ ထို​စာလိပ်​ကို စာ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု​ဆို​လျှင် ထို​သူ​က “​ဤ​စာလိပ်​ကို ချိပ်ပိတ်​ထား​သည်​ဖြစ်၍ ငါ​မ​ဖတ်​နိုင်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။


ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။


ထို​နေ့ရက်​၌ နားမကြား​သော​သူ​တို့​သည် စာလိပ်​ထဲမှ​စာ​ကို ကြား​ကြ​လိမ့်မည်​။ မျက်စိ​ကန်း​သော​သူ​တို့​သည် အမှောင်​အမိုက်​ထဲမှ မြင်​ကြ​လိမ့်မည်​။


အကျွန်ုပ်​၏​တပည့်​တို့​တွင် သက်သေခံ​တော်မူ​ချက်​ကို​ချည်​ထား​၍ ပညတ်တရား​ကို တံဆိပ်ခတ်​တော်မူ​ပါ​။


ထို့ကြောင့် ငါ​က “သူ​တို့​သည် မိုက်မဲ​သော​ဆင်းရဲသား​များ​သာ​ဖြစ်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​တရားလမ်း​၊ ဘုရားသခင်​၏​တရားစီရင်​ခြင်း​ကို မ​သိ​ကြ​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ