လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ဟောရှေ 3:4 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။ Common Language Bible ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ဘု ရင် မင်း၊ မှူး တော်၊ မတ် တော်၊ ပူ ဇော် သ က္ကာ၊ ကျောက် တိုင်၊ ဧ ပုဒ် ရုပ် ပွား၊ တေ ရပ် ဆင်း တု များ နှင့် ကင်း လျက်၊ ကြာ မြင့် စွာ နေ ပြီး မှ၊ Judson Bible အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။ |
လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ရာခေလသည် တေရပ်ရုပ်တုတို့ကိုယူ၍ ကုလားအုတ်ကုန်းနှီးထဲထည့်ပြီးလျှင် ၎င်းတို့အပေါ်၌ထိုင်နေ၏။ ထို့ကြောင့် လာဗန်သည် တဲတစ်တဲလုံးမွှေနှောက်သော်လည်း မတွေ့ချေ။
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကို ဝတ်ဆင်ပြီး ထာဝရဘုရားရှေ့တော်တွင် ဝမ်းသာအားရကခုန်လေ၏။
ယောရှိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့ရှိခဲ့သောကျမ်းတွင်ရေးသားထားသည့် ပညတ်တရားစကားတော်တို့ကို စောင့်ထိန်းရန် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တွင်တွေ့ရှိသော နတ်ဝင်သည်များ၊ နတ်ထိန်းများ၊ တေရပ်ရုပ်တုအပါအဝင်ရုပ်တုဆင်းတုများနှင့် စက်ဆုပ်ရွံရှာဖွယ်အရာအားလုံးတို့ကိုလည်း ဖယ်ရှားပစ်၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။
အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။
လူမျိုးခြားတို့ကဲ့သို့၊ တိုင်းတစ်ပါးသားတို့ကဲ့သို့ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ကိုးကွယ်မည်ဟု ကြံစည်သောသင်တို့အကြံသည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်’ဟု မိန့်တော်မူ၏။
ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။
ငါ့အမျက်ကို သင့်အပေါ်သွန်ချမည်။ ဒေါသမီးဖြင့် မှုတ်ထုတ်ပစ်မည်။ သင့်ကို ရက်စက်ကြမ်းကြုတ်သော အဖျက်သမားတို့လက်သို့အပ်မည်။
သူ၏တပ်သားတို့သည် လာ၍ ခိုလှုံရာဖြစ်သည့်သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလိမ့်မည်။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှားပစ်၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကို တည်ထားကြလိမ့်မည်။
နေ့စဉ်ပူဇော်သက္ကာကိုဖယ်ရှား၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကိုတည်ထားချိန်မှစ၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ကိုးဆယ် ကြာလိမ့်မည်။
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
အမြို့မြို့တွင်နေသောသင်တို့ကို ကယ်တင်မည့်ဘုရင်ကား အဘယ်မှာနည်း။ ‘အကျွန်ုပ်တို့အား ရှင်ဘုရင်၊ အကြီးအကဲကို ပေးပါ’ဟု သင်တို့တောင်းဆိုခဲ့သော အုပ်ချုပ်သူကား အဘယ်မှာနည်း။
ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။
အာရုန်အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ဝတ်လုံဝတ်ပေးပြီး ဧဖုဒ်ဆင်ပေး၏။ ဧဖုဒ်၏ခါးပတ်ပြားကိုစည်းပေး၍ ခါးပတ်ပြားကို ဧဖုဒ်နှင့် တွဲချည်ပေး၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။
အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။
ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။
ဂိဒေါင်သည် ထိုရွှေများဖြင့် ဧဖုဒ်သွန်းလုပ်၍ သူနေထိုင်ရာ ဩဖရမြို့တွင် ပြသထား၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုအရာအားဖြင့် ဖောက်ပြန်မှားယွင်းကြ၏။ ဤအရာသည် ဂိဒေါင်နှင့် သူ့အိမ်သူအိမ်သားတို့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်လာ၏။
ထိုစဉ်က ရှိလောမြို့တွင် ထာဝရဘုရား၏ယဇ်ပုရောဟိတ် ဧလိ၏မြစ်၊ ဖိနဟတ်၏မြေး၊ ဣခဗုဒ်၏အစ်ကို၊ အဟိတုပ်၏သား အဟိယသည် ဧဖုဒ်ကိုဝတ်ဆင်လျက် ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်နေ၏။ ယောနသန်ထွက်သွားသည်ကို လူတစ်ယောက်မျှမသိ။
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။
သူငယ်ရှမွေလသည် ဧဖုဒ်ပိတ်ချောကိုဝတ်ဆင်၍ ထာဝရဘုရားရှေ့တော်တွင် အမှုတော်ထမ်းဆောင်လျက်ရှိ၏။
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။
ထိုအခါ ရှင်ဘုရင်က ဒေါဂအား “လှည့်၍ယဇ်ပုရောဟိတ်တို့ကို တိုက်ခိုက်လော့”ဟု ဆိုလျှင် ဧဒုံအမျိုးသားဒေါဂသည် လှည့်၍ယဇ်ပုရောဟိတ်တို့ကို တိုက်ခိုက်၏။ ထိုနေ့ချင်းတွင် သူသည် ပိတ်ချောဧဖုဒ်ဝတ်ဆင်သူယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို သတ်လေ၏။
အဟိမလက်၏သား အဗျာသာသည် ကိလမြို့ရှိ ဒါဝိဒ်ထံသို့ ပြေးလာစဉ်က မိမိနှင့်အတူ ဧဖုဒ်ကို ယူဆောင်လာခဲ့၏။
ရှောလုမင်းကြီး မကောင်းကြံစည်နေသည်ကို ဒါဝိဒ်သိလျှင် ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ယူခဲ့ပါ”ဟု မှာလိုက်၏။
ဒါဝိဒ်က အဟိမလက်၏သား ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ငါ့ထံယူလာပေးပါလော့”ဟု ဆိုသဖြင့် အဗျာသာသည်လည်း ဒါဝိဒ်ထံ ဧဖုဒ်ကို ယူလာပေး၏။