Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 လာဗန်​သည် မိမိ​သိုး​တို့​ကို​အမွေးညှပ်​ရန်​သွား​နေ​ချိန်​တွင် ရာခေလ​သည် ဖခင်​ပိုင်ဆိုင်​သည့် တေရပ်ရုပ်တု​တို့​ကို​ခိုးယူ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သိုး မွေး ညှပ် ရန် လာ ဗန် သွား ခိုက် တွင် ရာ ခေ လ သည် အ ဘ၏ ရုပ် တု များ ကို ခိုး ယူ နှင့် ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လာ​ဗန်​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သို့​သွား​ခိုက်​တွင်၊ ရာ​ခေ​လ​သည်၊ သူ၏​တေ​ရပ်​ရုပ်​တု​တို့​ကို ခိုး​ယူ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:19
19 ပူးပေါင်းရင်းမြစ်များ  

ငါ့​မျိုးနွယ်စု​၊ ငါ့​ဖခင်​၏​အိမ်​သို့​သွား​၍ ငါ့​သား​အတွက် မိန်းမ​ကို​ရှာ​ရ​မည်​’​ဟု အကျွန်ုပ်​အား​မှာကြား​၍ ကျိန်ဆို​စေ​ခဲ့​ပါ​သည်​။


ယာကုပ်​သည် မိမိ​ထွက်ပြေး​မည့်​အကြောင်း အာရံ​လူမျိုး​လာဗန်​ကို​မ​ပြော​ဘဲ သူ့​အား​မလိမ့်တပတ်လုပ်​လေ​၏​။


ယခု သင်​သည် သင့်​ဖခင်​၏​အိမ်​ကို အလွန်​လွမ်းဆွတ်​သဖြင့် အကယ်ပင်​ပြန်သွား​လို​သည်​မှန်စေတော့ အဘယ်ကြောင့် ငါ​၏​ဘုရား​တို့​ကို​ခိုးယူ​ရ​သနည်း​”​ဟု ဆို​၏​။


ဦးရီး​၏​ဘုရား​တို့​ကို တစ်စုံတစ်ဦး​ထံ၌​ရှာတွေ့​လျှင် ထို​သူ​ကို​အသက်ချမ်းသာ​မ​ပေး​ပါ​နှင့်​။ အကျွန်ုပ်​တို့​ဆွေမျိုးသားချင်း​များ​ရှေ့​တွင် ဦးရီး​ကိုယ်တိုင်​ရှာကြည့်​၍ အကျွန်ုပ်​ထံ၌ ဦးရီး​ဥစ္စာ​ရှိ​လျှင် ပြန်ယူ​ပါ​”​ဟု လာဗန်​အား​ဆို​လေ​၏​။ ထို​ရုပ်တု​တို့​ကို ရာခေလ​ခိုး​ကြောင်း ယာကုပ်​မ​သိ​။


ရာခေလ​သည် တေရပ်ရုပ်တု​တို့​ကို​ယူ​၍ ကုလားအုတ်​ကုန်းနှီး​ထဲ​ထည့်​ပြီးလျှင် ၎င်း​တို့​အပေါ်​၌​ထိုင်​နေ​၏​။ ထို့ကြောင့် လာဗန်​သည် တဲ​တစ်တဲလုံး​မွှေနှောက်​သော်လည်း မ​တွေ့​ချေ​။


ရာခေလ​သည် မိမိ​ဖခင်​အား “​ကျွန်မ​၏​သခင်​၊ စိတ်​မ​ဆိုး​ပါ​နှင့်​။ ကျွန်မ​သည် မိန်းမ​တို့​၏​ဓမ္မတာလာ​နေ​ပါ​သဖြင့် သခင့်​ရှေ့​၌ မတ်တတ်​မ​ရပ်​နိုင်​ပါ​”​ဟု ဆို​၏​။ ဤသို့ဖြင့် လာဗန်​သည် ရှာဖွေ​သော်လည်း တေရပ်ရုပ်တု​တို့​ကို မ​တွေ့​ချေ​။


ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။


ထိုအခါ တစ်စုံတစ်ဦး​က တာမာ​အား “​သင်​၏​ယောက္ခမ​သည် သိုး​မွေး​ညှပ်​ရန် တိမနတ်​မြို့​သို့​သွား​နေ​သည်​”​ဟု ကြားပြော​လေ​၏​။


အချိန်​နှစ်​နှစ်​ခန့်​ကြာ​သော် အဗရှလုံ​သည် ဧဖရိမ်​ပြည်​အနီး ဗာလဟာဇော်​အရပ်​၌ သိုးမွေးညှပ်သမား​တို့​နှင့်အတူ​ရှိ​နေစဉ် ဘုရင့်​သား​တော်​အပေါင်း​တို့​ကို ဖိတ်ခေါ်​၏​။


ယောရှိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​ဟိလခိ​တွေ့ရှိ​ခဲ့​သော​ကျမ်း​တွင်​ရေးသား​ထား​သည့် ပညတ်တရား​စကား​တော်​တို့​ကို စောင့်ထိန်း​ရန် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တွင်​တွေ့ရှိ​သော နတ်ဝင်သည်​များ​၊ နတ်ထိန်း​များ​၊ တေရပ်ရုပ်တု​အပါအဝင်​ရုပ်တုဆင်းတု​များ​နှင့် စက်ဆုပ်ရွံရှာဖွယ်​အရာ​အားလုံး​တို့​ကို​လည်း ဖယ်ရှား​ပစ်​၏​။


ဘေဘီလုံ​ဘုရင်​သည် လမ်း​နှစ်​လမ်း​ဆုံရာ လမ်းခွ​၌​ရပ်​၍ ဗေဒင်တွက်​၏​။ သူ​သည် မြား​တို့​ကို ခလောက်​၍​မဲချ​၏​။ ရုပ်တု​များ​ကို မေးမြန်း​၏​။ အသည်း​ဗေဒင်​ကို ဖတ်​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ် မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။


ထိုအခါ ယောရှု​က လူ​အပေါင်း​တို့​အား “​အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အာဗြဟံ​နှင့် နာခေါ်​တို့​၏​ဖခင် တေရ မှစ၍ သင်​တို့​၏​ဘိုးဘေး​တို့​သည် ရှေးယခင်​က ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌​နေထိုင်​၍ အခြား​ဘုရား​များ​ကို​ဝတ်ပြု​ခဲ့​ကြ​၏​။


သူ​တို့​သည် ရှိလော​မြို့​၌ ဘုရားသခင်​၏​အိမ်​တော်​တည်​နေ​သည့်​ကာလ​ပတ်လုံး မိက္ခာ​ထုလုပ်​သော​ရုပ်တု​ကို မိမိ​တို့​အဖို့ ထားရှိ​ကြ​၏​။


ပုန်ကန်​ခြင်း​အပြစ်​သည် ဂမ္ဘီရပညာ​သုံး​ခြင်း​အပြစ်​နှင့် အတူတူပင်​ဖြစ်​၏​။ ခေါင်းမာ​ခြင်း​သည် မကောင်းမှု​ပြု​ခြင်း​၊ ရုပ်တုကိုးကွယ်​ခြင်း​ပင်​ဖြစ်​၏​။ သင်​သည် ထာဝရဘုရား​၏​စကား​ကို​ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို ဘုရင်​အဖြစ်​မှ​ပယ်​တော်မူ​ပြီ​”​ဟု သူ့​အား ဆို​၏​။


ထို့နောက် မိခါလ​သည် တေရပ်ရုပ်တု​ကို​ယူ​၍ အိပ်ရာ​ပေါ်​တင်ထား​ပြီး ဆိတ်မွေး​ခေါင်းအုံး အုံး​စေ​ကာ အဝတ်​နှင့်​လွှမ်း​ထား​၏​။


ထိုစဉ်က ကရမေလ​မြို့​တွင် လုပ်ငန်း​လုပ်ကိုင်​၍ အလွန်​ချမ်းသာ​သော​သူ မောန​မြို့သား​တစ်​ဦး​ရှိ​၏​။ သူ​သည် သိုး​အကောင်​သုံး​ထောင်​၊ ဆိတ်​အကောင်​တစ်ထောင် ပိုင်ဆိုင်​ပြီး ကရမေလ​မြို့​၌​နေ​၍ သိုး​များ​ကို အမွေးညှပ်​လျက်​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ