ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
သူကြီး 8:5 - မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင်က သုကုတ်မြို့သားတို့အား “ငါနှင့်ပါလာသောလူတို့စားဖို့ မုန့်ပေးပါ။ ငါတို့သည် မိဒျန်ဘုရင်ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးတို့နောက်သို့ လိုက်နေရ၍ သူတို့မောပန်းနေကြ၏”ဟု ဆို၏။ Common Language Bible ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။ Garrad Bible သူ ကုတ် မြို့ သား တို့ အား မိ ဒျန် ဘု ရင် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ ကို ငါ လိုက် လံ ရ သည် နှင့် ပါ ရှိ သူ တို့ မော ပန်း လှ၍ မု့န် လုံး ပေး ပါ ဟု တောင်း သော်၊ Judson Bible သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့်ဇာလမုန္နကို ယခုလိုက်ရှာပါ၏ဟု တောင်းသော်လည်း၊ |
ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ် ဟုခေါ်၏။
ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ “ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။
အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။
အရှေ့ပြည်သားစစ်သည်အပေါင်းတို့ထဲမှ ဓားကိုင်စစ်သည်တစ်သိန်းနှစ်သောင်းကျဆုံးသွားသဖြင့် ကြွင်းကျန်သောစစ်သည်တစ်သောင်းငါးထောင်တို့သာ ဇေဘဟနှင့်ဇာလမုန္နတို့နှင့်အတူ ကာကော်မြို့၌ ရှိကြ၏။
ထိုအခါ ဇေဘဟနှင့်ဇာလမုန္နတို့သည် ထွက်ပြေးကြ၏။ ဂိဒေါင်သည်လည်း မိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟမင်းကြီးနှင့်ဇာလမုန္နမင်းကြီးတို့နောက်သို့လိုက်၍ သူတို့ကိုဖမ်းဆီးသဖြင့် စစ်သည်အပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလေ၏။
ဂိဒေါင်သည် သုကုတ်မြို့သားတို့ထံသို့ရောက်လာ၍ “ဇေဘဟနှင့်ဇာလမုန္နကို ကြည့်ကြလော့။ သင်တို့က ‘မောပန်းနေသောသင့်လူတို့အား စားစရာပေးရမည့်အကြောင်း ဇေဘဟနှင့်ဇာလမုန္နတို့သည် သင့်လက်ထဲရောက်ပြီလော’ဟု ငါ့ကိုကဲ့ရဲ့ခဲ့ကြ၏”ဟု ဆိုပြီးလျှင်
ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင်