Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 60:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ “​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည် အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း​ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​ငါ​၏​လူ​စု​တော်​အား ခွဲ​ဝေ​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သန့် ရှင်း ရာ ဌာ န တော် မှ၊ ဘု ရား သ ခင် မိန့် ဆို တော် မူ သည် မှာ၊ ငါ သည် မာန် ဟုန် သွင်း လျက်၊ ရှေ ခင် မြို့ ကို ဝေ ဖန် ခြင်း၊ သု ကုတ် ချိုင့် ကို တိုင်း တာ ခြင်း ပြု မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို တိုင်း​ထွာ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 60:6
21 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​သည် ထို​ပြည်​ကို​ဖြတ်သွား​၍ ရှေခင်​အရပ်​၊ မောရေ​တောင်ကုန်း​ရှိ ဝက်သစ်ချပင်​တိုင်အောင် ရောက်​လေ​၏​။ ထို​ကာလ​တွင် ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌​ရှိ​ကြ​၏​။


ထာဝရဘုရား​က​လည်း ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​အစေအပါး​ဒါဝိဒ်​အားဖြင့် ငါ့​လူမျိုး​တော်​အစ္စရေး​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​၊ ရန်သူ​အပေါင်း​တို့​လက်​မှ​ကယ်နုတ်​မည်​’​ဟု ကတိထား​ပြီ​ဖြစ်​၍ ယခုပင် သူ့​ကို​မင်းမြှောက်​ပါ​လော့​”​ဟု ဆို​၏​။


အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့ ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။


ထာဝရဘုရား​သည် ဒါဝိဒ်​အား သစ္စာ​နှင့်​ကျိန်ဆို​ပြီး ပြန်လည်​ရုပ်သိမ်း​တော်မူ​မည်​မ​ဟုတ်​သော​စကား​မှာ “​ငါ​သည် သင်​မှ​ပေါက်ဖွား​သော​ရင်သွေး​တစ်ဦး​ကို သင်​၏​ရာဇပလ္လင်​ပေါ်​ထိုင်​စေ​မည်​။


ဘုရားသခင်​ကို​အမှီပြု​၍ နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။


တစ်ခါက ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အား ဗျာဒိတ်နိမိတ်​အားဖြင့် မြွက်ဆို​တော်မူ​သည်​မှာ “​ငါ​သည် ခွန်အားကြီး​သော​သူ​တစ်​ဦး​ကို ကူညီမစ​ပြီ​။ လူ​တို့​ထဲမှ ရွေးချယ်​ထား​သော​သူ​တစ်​ဦး​ကို ချီးမြှောက်​ပြီ​။


ငါ​သည် ဒါဝိဒ်​ကို လိမ်လည်​မည်​မ​ဟုတ်​ဟု ငါ​၏​သန့်ရှင်း​ခြင်း​ကို​တိုင်တည်​၍ တစ်ကြိမ်​နှင့်​အပြီး​ကျိန်ဆို​ပြီ​။


ပရောဖက်​တို့​နှင့်​ပတ်သက်၍ ငါ့​စိတ်နှလုံး​သည် ကျိုးပဲ့​လျက်​၊ အရိုး​ရှိသမျှ​တို့​သည်​လည်း တုန်လှုပ်​လျက်​ရှိ​၏​။ ထာဝရဘုရား​ကြောင့်​၊ သန့်ရှင်း​သော​စကား​တော်​ကြောင့် ငါ​သည် အမူးသမား​ကဲ့သို့​၊ စပျစ်ဝိုင်​ယစ်မူး​သူ​ကဲ့သို့ ဖြစ်​၏​။


ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို တိုင်တည်ကျိန်ဆို​၍ “​ကြည့်ရှု​လော့​။ သင်​တို့​ကို ချိတ်​များ​ဖြင့်​လည်းကောင်း​၊ ကြွင်းကျန်သူ​တို့​ကို ငါးမျှားချိတ်​များ​ဖြင့်​လည်းကောင်း ဖမ်းခေါ်​သွား​သော​နေ့ ရောက်လာ​လိမ့်မည်​။


အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ ဤ​ပြည်​ကို ဤ​လူမျိုး​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​ကို သူ​တို့​အား အမွေခွဲဝေ​ပေး​ရ​မည်​။


ချိုင့်ဝှမ်းလွင်ပြင်​ရှိ ဗက်ဟာရန်​မြို့​၊ ဗက်နိမရ​မြို့​၊ သုကုတ်​မြို့​၊ ဇာဖုန်​မြို့​၊ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ကျန်​သော​နယ်မြေ​၊ ဂျော်ဒန်​မြစ်​နယ်နိမိတ်​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း ဂင်နေသရက်​အိုင်​အထိ​ဖြစ်​၏​။


မနာရှေ​၏​နယ်နိမိတ်​မှာ အာရှာ​မြို့​မှ ရှေခင်​မြို့​အရှေ့ဘက်​ရှိ မိတ်မေသ​မြို့​အထိ ဖြစ်​၏​။ ထို​နယ်နိမိတ်​သည် တောင်ဘက်​အင်တာပွာ​မြို့​သို့ ရောက်​၏​။


ထို့ကြောင့် သူ​တို့​သည် ဂါလိလဲ​ပြည်​၊ နဿလိ​တောင်ပေါ်ဒေသ​ရှိ ကေဒေရှ​မြို့​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​၊ ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​တို့​ကို ရွေးချယ်​၏​။


ထို့နောက် ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို ရှေခင်​မြို့​၌ စုဝေး​စေ​ပြီးလျှင် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ ခေါင်းဆောင်​များ​၊ တရားသူကြီး​များ​နှင့် ကြီးကြပ်သူ​များ​ကို ဆင့်ခေါ်​သဖြင့် သူ​တို့​သည်​လည်း ဘုရားသခင်​၏​ရှေ့​တော်​၌​ရပ်​နေ​ကြ​၏​။


သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ