Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဂိဒေါင်​သည် သုကုတ်​မြို့သား​တို့​ထံသို့​ရောက်လာ​၍ “​ဇေဘဟ​နှင့်​ဇာလမုန္န​ကို ကြည့်​ကြ​လော့​။ သင်​တို့​က ‘​မောပန်း​နေ​သော​သင့်​လူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် သင့်​လက်​ထဲ​ရောက်​ပြီ​လော​’​ဟု ငါ့​ကို​ကဲ့ရဲ့​ခဲ့​ကြ​၏​”​ဟု ဆို​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သု ကုတ် မြို့ သား တို့ ရှိ ရာ သို့ လာ ရောက်၍ လိုက် ပါ သော မော ပန်း သူ တို့ အား မုန့် ပေး ရန် အ တွက် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ သည် သင့် လက် တွင်း သို့ ရောက် ရှိ ပြီ လော ဟု ပြက် ရယ် ပြု၍ သင် တို့ မေး သော ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ ကို ကြည့် ကြ လော့ ဟု ဆို လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ဂိ​ဒေါင်​သည်​လည်း၊ သု​ကုတ်​မြို့​သား​တို့​ရှိ​ရာ​သို့ လာ၍၊ သင်​တို့​က၊ ပင်​ပန်း​သော သင့်​အ​မှု​ထမ်း​တို့​အား ငါ​တို့​သည် မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌​ရှိ​သ​လော​ဟု ငါ့​ကို​ကဲ့​ရဲ့၍ သင်​တို့​ပြော​သော ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို ကြည့်​ကြ​လော့​ဟု​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:15
4 ပူးပေါင်းရင်းမြစ်များ  

လမ်း​တွင် သုကုတ်​မြို့သား လူငယ်​တစ်​ယောက်​ကို​ဖမ်းဆီး​ပြီး သုကုတ်​မြို့​အကြီးအကဲ​များ​၊ သက်ကြီးဝါကြီး​များ​၏​အကြောင်း​ကို မေးမြန်း​ရာ ထို​လူငယ်​က သုကုတ်​မြို့​အကြီးအကဲ​၊ သက်ကြီးဝါကြီး ခုနစ်ဆယ့်​ခုနစ်​ယောက်​၏​အမည်​ကို ရေး​ပေး​လေ​၏​။


ထို​မြို့​၏​သက်ကြီးဝါကြီး​များ​ကို​ခေါ်​၍ သူ​တို့​နှင့်အတူ သုကုတ်​မြို့သား​တို့​ကို ကန္တာရ​ဆူးပင်​၊ ချုံပင်​တို့​ဖြင့် ဆုံးမ​လေ​၏​။


သိုးမွေးညှပ်​သူ​တို့​အတွက် ငါ​ပြင်ဆင်​ပေး​ထား​သော မုန့်​၊ ရေ​နှင့် အသား​တို့​ကို​ယူ​ပြီး မည်သည့်​အရပ်​မှ​လာ​သည်​ကို ငါ​မ​သိ​သော​သူ​တို့​အား ပေး​ရ​မည်လော​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ