သူကြီး 8:5 - Common Language Bible5 ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible5 သူ ကုတ် မြို့ သား တို့ အား မိ ဒျန် ဘု ရင် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ ကို ငါ လိုက် လံ ရ သည် နှင့် ပါ ရှိ သူ တို့ မော ပန်း လှ၍ မု့န် လုံး ပေး ပါ ဟု တောင်း သော်၊ အခန်းကိုကြည့်ပါ။Judson Bible5 သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့်ဇာလမုန္နကို ယခုလိုက်ရှာပါ၏ဟု တောင်းသော်လည်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ဂိဒေါင်က သုကုတ်မြို့သားတို့အား “ငါနှင့်ပါလာသောလူတို့စားဖို့ မုန့်ပေးပါ။ ငါတို့သည် မိဒျန်ဘုရင်ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးတို့နောက်သို့ လိုက်နေရ၍ သူတို့မောပန်းနေကြ၏”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-