Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သို့သော် သုကုတ်​မြို့​အကြီးအကဲ​တို့​က “​ငါ​တို့​သည် သင်​နှင့်​ပါလာ​သော​သူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ယခု သင့်​လက်​ထဲ ရောက်​ပြီ​လော​”​ဟု ပြန်ပြော​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​သု​ကုတ်​မြို့​မှ​ခေါင်း​ဆောင်​များ က``ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သင်​၏​တပ် သား​များ​အား အ​စာ​ရေ​စာ​ပေး​ရ​ပါ​မည် နည်း။ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​ကို​သင်​တို့ မ​ဖမ်း​မိ​သေး​ပါ​တ​ကား'' ဟု​ပြန်​ပြော ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သု ကုတ် မြို့ ဝန် တို့ က၊ သင့် ဗိုလ် ထု အား မုန့် ပေး ရန် အ တွက် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ သည် သင့် လက် တွင်း သို့ ရောက် ရှိ ပြီ လော ဟု မေး ကြ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သု​ကုတ်​မင်း​တို့​က၊ ငါ​တို့​သည် သင့်​အ​မှု​ထမ်း​တို့​အား မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌ ရှိ​သ​လော​ဟု ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:6
11 ပူးပေါင်းရင်းမြစ်များ  

ဣရှမေလ​၏​သား​တို့​အမည်​ကား ဤသို့​တည်း​။ သူ​တို့​၏​အမည်​များ​ကို ကြီးစဉ်ငယ်လိုက်​စဉ်​သော် ဣရှမေလ​၏​သားဦး​မှာ နဗာယုတ်​၊ ထို့နောက် ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊


ထို့နောက် သူ​တို့​သည် အစားအစာ​စားသောက်​ရန် ထိုင်​လိုက်​ကြ​စဉ် ဣရှမေလ​လူမျိုး ခရီးသွား​လူတစ်စု​သည် နံ့သာမျိုး​များ​၊ လိမ်းဆေး​များ​နှင့် မုရန်စေး​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် ဂိလဒ်​ပြည်​ဘက်​မှ အီဂျစ်​ပြည်​သို့​ဆင်း​သွား​နေ​သည်​ကို လှမ်းမြင်​ရ​၏​။


မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။


အစ္စရေး​ဘုရင်​က​လည်း “​ဗင်္ဟာဒဒ်​မင်းကြီး​အား ‘​ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ထား​လျက်​နှင့် ချွတ်​ပြီး​သော​သူ​ကဲ့သို့ မ​ဝါကြွား​သင့်​’​ဟူ၍ ပြန်လျှောက်​လော့​”​ဟု ပြန်ပြော​၏​။


သို့သော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။


ဆင်းရဲ​သော​သူ​သည် အသနားခံ​ပြောဆို​တတ်​၏​။ ချမ်းသာ​သော​သူ​မူကား ကြမ်းတမ်း​စွာ​တုံ့ပြန်​ပြောဆို​တတ်​၏​။


လူ​အပေါင်း​တို့​သည် ယေရှု​ခရစ်တော်​၏​အကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။


ထာဝရဘုရား​၏​ကောင်းကင်တမန်​က ‘​မေရောဇ​မြို့​ကို​ကျိန်ဆဲ​လော့​။ ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ကျိန်စာတိုက်​လော့​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​။ သူရဲကောင်း​တို့​နှင့်​တိုက်ခိုက်​သော​ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​’​ဟု ဆို​၏​။


ဂိဒေါင်​သည် သုကုတ်​မြို့သား​တို့​ထံသို့​ရောက်လာ​၍ “​ဇေဘဟ​နှင့်​ဇာလမုန္န​ကို ကြည့်​ကြ​လော့​။ သင်​တို့​က ‘​မောပန်း​နေ​သော​သင့်​လူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် သင့်​လက်​ထဲ​ရောက်​ပြီ​လော​’​ဟု ငါ့​ကို​ကဲ့ရဲ့​ခဲ့​ကြ​၏​”​ဟု ဆို​ပြီးလျှင်


ဂိဒေါင်​က သုကုတ်​မြို့သား​တို့​အား “​ငါ​နှင့်​ပါလာ​သော​လူ​တို့​စား​ဖို့ မုန့်​ပေး​ပါ​။ ငါ​တို့​သည် မိဒျန်​ဘုရင်​ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​တို့​နောက်သို့ လိုက်​နေ​ရ​၍ သူ​တို့​မောပန်း​နေ​ကြ​၏​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ