အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 23:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​မိန်းမ​သည် ဓားပြ​ကဲ့သို့​ချောင်းမြောင်း​၍ ယောက်ျား​တို့​ထဲတွင် သစ္စာမဲ့​သော​သူ​ကို​များပြား​စေ​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သူ သည် ဓား ပြ ကဲ့ သို့ ချောင်း မြောင်း နေ လျက်၊ သ စ္စာ မဲ့ သူ တို့ ကို များ ပြား စေ တတ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 23:28
15 ပူးပေါင်းရင်းမြစ်များ  

ထို​သခင်မ​သည် ယောသပ်​အား သူ​နှင့်အတူ​အိပ်​ရန်​၊ သူ​နှင့်အတူ​နေ​ရန် နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း ယောသပ်​သည် သူ့​ကို​နား​မ​ထောင်​ပေ​။


အကျင့်​ဖောက်ပြား​သော​မိန်းမ​တို့​၏​နှုတ်​သည် နက်​သော​တွင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​အမျက်​တော်​သင့်​သော​သူ​သည် ထို​တွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။


အကြောင်းမူကား ပြည့်တန်ဆာ​မ​တစ်​ယောက်​ကို မုန့်​တစ်​လုံး​ဖြင့်​ရ​နိုင်​၏​။ လင်ရှိမယား​မူကား အဖိုးတန်​သော​အသက်​ကို လိုက်ဖမ်း​တတ်​၏​။


ထိုအခါ ပြည့်တန်ဆာ​အဝတ်​ကို​ဝတ်​၍ စိတ်နှလုံး​ထဲ၌ လျှို့ဝှက်​သော​အကြံ​ရှိ​သည့်​မိန်းမ​သည် သူ့​ကို​ကြိုဆို​လေ​၏​။


ယခုပင် အပြင်​၌​၊ ယခုပင် လမ်းဆုံ​၌​ရှိ​လျက် လမ်း​ထောင့်​ရှိသမျှ​တို့​၌ ချောင်းမြောင်း​နေ​တတ်​၏​။


သို့ရာတွင် ထို​အရပ်​၌ သေသူ၏ဝိညာဉ်​များ​ရှိ​ကြ​သည်​ကို​လည်းကောင်း​၊ ထို​မိန်းမ​၏​ဧည့်သည်​များ​သည် မရဏာနိုင်ငံ​၏​နက်​ရာ​အရပ်​များ​၌ ရှိ​ကြ​သည်​ကို​လည်းကောင်း ထို​သူ​မ​သိ​ချေ​။


တစ်ဖန် ပိုက်ကွန်​နှင့်​ထောင်ပိုက်​ကဲ့သို့သော​စိတ်နှလုံး​ရှိ​၍ လက်ထိတ်​ကဲ့သို့သော​လက်​ရှိ​သည့်​မိန်းမ​သည် သေ​ခြင်း​ထက် ပို၍​ခါး​သည်​ကို ငါ​တွေ့​ရ​၏​။ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​သည် ထို​မိန်းမ​၏​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ အပြစ်ပြု​သော​သူ​မူကား သူ​၏​ဖမ်းမိ​ခြင်း​ကို​ခံရ​လိမ့်မည်​။


တောင်ကတုံး​များ​ပေါ်သို့ မျှော်ကြည့်​လော့​။ ယောက်ျား​တို့​နှင့် သင်​မ​အိပ်​ဖူး​သော​နေရာ ရှိ​သလော​။ တောကန္တာရ​မှ အာရပ်​လူမျိုး​ကဲ့သို့ သင်​သည် လမ်း​များ​၌​ထိုင်​၍ သူ​တို့​ကို စောင့်​နေ​၏​။ သင်​သည် ဖောက်ပြန်​သော​အပြစ်​အားဖြင့်​လည်းကောင်း​၊ မကောင်းမှု​အားဖြင့်​လည်းကောင်း ပြည်​ကို​ညစ်ညူး​စေ​ပြီ​။


ဖောက်ပြန်မှားယွင်း​ခြင်း​နှင့် စပျစ်ဝိုင်​အဟောင်း​၊ စပျစ်ဝိုင်​အသစ်​တို့​သည် သူ​တို့​၏​အသိစိတ်​ကို အနိုင်ယူ​သွား​လေ​ပြီ​။


အစ္စရေး​လူမျိုး​တို့​သည် ရှိတ္တိမ်​အရပ်​၌ နေထိုင်​ကြ​စဉ် မောဘ​အမျိုးသမီး​တို့​နှင့် စ​၍​ဖောက်ပြန်မှားယွင်း​လာ​ကြ​၏​။


သူ​တို့​ထဲမှ အချို့​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​သကဲ့သို့ ငါ​တို့​သည် တရားနှင့်မညီ​မေထုန်​ပြု​ခြင်း​အမှု​ကို မ​ပြု​ဘဲ နေ​ကြ​ကုန်စို့။ သူ​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​သဖြင့် တစ်​ရက်​အတွင်း လူ​နှစ်သောင်း​သုံးထောင်​သေဆုံး​ခဲ့​ကြ​၏။