ဟောရှေ 4:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible11 ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 မှား ယွင်း မှု၊ ယစ် သောက် မှု ကြောင့်၊ ဉာဏ် ကင်း တတ် သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible11 အကြောင်းမူကား စိတ်နှလုံးကို ယစ်မူးစေတတ်သော ကာမဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည်သေရက်ကို သောက်ခြင်း၌ မှီဝဲသောကြောင့် ထာဝရဘုရားကို စွန့်ပစ်ကြပြီ။ အခန်းကိုကြည့်ပါ။ |
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။