Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

သုတ္တံကျမ်း။ 23 - Garrad Bible

1 အ စိုး ရ မင်း နှင့် အ တူ စား ပွဲ ထိုင် ခွင့် ရ ရှိ သော်၊ မည် သူ့ ရှေ့ တွင် ထိုင် နေ သည် ကို ဆင် ခြင် လျက်၊

2 အ စာ တပ် မက် သော သူ ဖြစ် လျှင်၊ လည် ချောင်း ကို ထား ရစ် လော့။

3 ထို မင်း၏ ခဲ ဖွယ် ဘော ဇဉ် သည်၊ လှည့် စား တတ် သော အ စာ ဖြစ်၍၊ တပ် မက် ခြင်း မ ရှိ နှင့်။

4 ငွေ ကြွယ် ဝ စေ ခြင်း ငှာ၊ ပင် ပန်း စွာ မ ကြိုး စား နှင့်။ ဉာဏ် ပ ဋိ ဘာန် ရှိ သည် နှင့် အ ညီ ပြတ် စဲ လော့။

5 မျက် မှောက် ပြု ခိုက် မ ရှိ။ ကောင်း ကင်၌ ရွှေ လင်း တ ပျံ ဝဲ သ ကဲ့ သို့၊ စီး ပွား ချမ်း သာ သည်၊ အ တောင် ပေါက် ၍ ပျံ တတ် ၏။

6 မ စ္ဆေ ရ မျက် စိ ရှိ သူ၏ အ စာ ကို မ စား နှင့်။ ခဲ ဖွယ် ဘော ဇဉ် ကို လည်း မ တပ် မက် နှင့်။

7 ထို သူ သည် တွန့် တို တတ် သော စိတ် ရှိ လျက်၊ စား သောက် ပါ ဟု ဆို သော် လည်း၊ စိတ် စေ တ နာ မ ပါ သည် နှင့်၊

8 သင် စား ပြီး သော တစ် လုပ် စာ ကို ပင် အန် ရ လျက်၊ စ ကား ပြော များ လည်း ယို ယွင်း လိမ့် မည်။

9 မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။

10 ရှေး ကာ လ ရှိ မြေ မှတ် တိုင် ကို မ ရွှေ့။ ဖ သက် ဆိုး တို့၏ လယ် ယာ အ တွင်း မ ဝင် နှင့်။

11 ၎င်း တို့၏ ရှေ့ ဆောင် အ ရှင် သည် တန် ခိုး ကြီး လျက်၊ သင့် တစ် ဘက်၌ သူ တို့ အ မှု ကို ရှေ့ ဆောင် တော် မူ လိမ့် မည်။

12 ဆုံး မ ခြင်း ကို စိတ် နှ လုံး ၌ လည်း‌ ကောင်း၊ အ သိ ပ ညာ စ ကား ကို နား ၌ လည်း‌ ကောင်း၊ သွင်း ထား လော့။

13 သူ ငယ် ကို မ ဆုံး မ ဘဲ မ နေ သင့်။ ကြိမ် လုံး နှင့် ရိုက် နှက် လျှင် မ သေ မည် မ က၊ ကြိမ် လုံး နှင့် ရိုက် နှက် သ ဖြင့်၊

14 သူ၏ အ သက် ကို မ ရ ဏာ့ နိုင် ငံ မှ ကယ် လွှတ် လိမ့် မည်။

15 ငါ့ သား၊ သင့် စိတ်၌ ပ ညာ ရှိ လျှင်၊ ငါ လည်း စိတ် ရွှင် လန်း လိမ့် မည်။

16 မှန် သော စ ကား ကို၊ သင် နှုတ် မြွက် ရာ တွင်၊ ငါ့ အ သည်း အေး မြ လိမ့် မည်။

17 အ ပြစ် သား တို့ ကို ငြူ စူ သော စိတ် မ ရှိ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း ၌ နေ့ ရှိ သ မျှ တည် နေ လော့။

18 မု ချ အား ဖြင့် အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း မ ပျက် ဘဲ တည် လိမ့် မည်။

19 ငါ့ သား နား ထောင်၍၊ ပ ညာ ကို ရ ရှိ လော့။ စိတ် နှ လုံး အား လည်း၊ လမ်း ပြ လော့။

20 စ ပျစ် ရည် နှင့် အ မဲ သား ကို သောက် စား ကြူး လွန် သူ တို့ အ ပါ အ ဝင် မ ဖြစ် စေ နှင့်။

21 အ သောက် အ စား ကြူး သော သူ သည်၊ ဆင်း ရဲ ရ လျက်၊ အိပ် ကြူး ခြင်း လည်း၊ ညစ် စုတ် သော အ ဝတ် ဖြင့် ခြုံ ရ လိမ့် မည်။

22 သင့် အား ဖြစ် ပွား စေ သော အ ဘ၏ စ ကား ကို နာ ခံ၍၊ အ သက် ကြီး ရင့် သော အ မိ ကို လည်း၊ မ ထီ လေး စား မ ပြု နှင့်။

23 သ စ္စာ တ ရား မှ စ သော၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ ဩ ဝါ ဒ များ ကို ဝယ်၍၊ မ ရောင်း မ ချ ဘဲ ထား လော့။

24 သူ တော် ကောင်း၏ အ ဘ သည်၊ အား ရ ဝမ်း မြောက် လိမ့် မည်။ ပ ညာ ရှိ သော သား ကို ရ သော သူ လည်း၊ ရွှင် လန်း ရ လိမ့် မည်။

25 မိ ဘ နှစ် ဦး ရွှင် လန်း၍၊ သင့် ကို မွေး ဖွား သော အ မိ ပင် ဝမ်း မြောက် ပါ စေ။

26 ငါ့ သား၊ သင်၏ နှ လုံး ကို ငါ့ အား အပ် ပေး လျက်၊ ငါ အ လေ့ အ လာ ကို မျက် စိ ကြည့် မှတ် ပါ စေ။

27 ပြည့် တန် ဆာ သည်၊ နက် သော တွင်း ကျ သ ဖွယ်၊ မိန်း မ ပေါ့ လည်း၊ ကျဉ်း မြောင်း သော ချောက် သ ဖွယ် ဖြစ်၏။

28 သူ သည် ဓား ပြ ကဲ့ သို့ ချောင်း မြောင်း နေ လျက်၊ သ စ္စာ မဲ့ သူ တို့ ကို များ ပြား စေ တတ်၏။

29 အ မိ အ မယ် ဟူ၍ ခေါ် ရ ခြင်း၊ ရန် တွေ့ ခြင်း၊ မြည် တမ်း ခြင်း၊ အ ကြောင်း မဲ့ ထိ ရှ ခြင်း၊ မျက် စိ နီ ခြင်း များ ကို ရ သူ တို့ ကား၊

30 စ ပျစ် ရည် ကို ကြာ မြင့် စွာ သောက် လျက်၊ ရော စပ် သော သေ ရည် ကို မြည်း စမ်း တတ် သူ တို့ ပင် တည်း။

31 ဖ လား၌ နီ လျက်၊ တောက် ပ လျက် ရှိ သော စ ပျစ် ရည် ကို၊ မ မြင် လို နှင့်။

32 အ မျို လွယ် သော် လည်း၊

33 အ ဆုံး၌ မြွေ ဆိုး မြွေ ဟောက် ကဲ့ သို့ ကိုက် ပေါက် သည့် ပြင်၊ သင့် မျက် စိ သည်၊ အ ထူး ထူး အ ပြား ပြား ကို မြင် ရ၍၊ နှ လုံး လည်း၊

34 ယောင် မှား သော စ ကား ကို ထွက် ဆို လျက်၊ ပင် လယ် ပြင်၌ လည်း‌ ကောင်း၊ ရွက် တိုင် စင် ပေါ် တွင်လည်း‌ ကောင်း၊ အိပ် ရ သူ ကဲ့ သို့ ဖြစ် လ တ္တံ့ သော် လည်း၊

35 သင် က၊ ငါ့ ကို ရိုက် သော် မ နာ၊ နှက် သော် မ သိ၊ တစ် ဖန် မြည်း စမ်း ခွင့် ရ စေ ရန်၊ မည် သည့် အ ခါ မှ နိုး ထ ရ အံ့ နည်း ဟု ဆို လိမ့် မည်။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ