အာရုန်၏သားမြေးများထဲမှ သူ၏အရိုက်အရာကိုဆက်ခံသော ဘိသိက်ခံယဇ်ပုရောဟိတ်သည် ထိုပူဇော်သက္ကာကိုပူဇော်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ထာဝရဘုရားအားပူဇော်သော ထိုပူဇော်သက္ကာကို အကုန်အစင်လောင်ကျွမ်းအောင် ရှို့ရမည်။
အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
အာ ရုန့် အ ရိုက် အ ရာ ၌ သား စဉ် မြေး ဆက် အ နက် ဘိ သိက် ခံ ပ ရော ဟိတ် ဆက် ကပ် လျက် အ မြဲ ထုံး ဖွဲ့ ချက် အ ရ ထာ ဝ ရ ဘု ရား ရှေ့ အ ကုန် အ စင် ကျွမ်း လောင် စေ။
အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သကာကိုပြုရမည်။ ထာဝရဘုရားအဖို့ ထာဝရပညတ်တော်ဖြစ်သတည်း။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။
သင်တို့သည် မည်သည့်အဆီ၊ မည်သည့်သွေးကိုမျှ မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သူသည် မိမိလက်ကို ဆိတ်သငယ်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ ၎င်းကိုသတ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။
ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။
၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။
ယဇ်ပုရောဟိတ်ပူဇော်သမျှသော ဘောဇဉ်ပူဇော်သက္ကာသည် အကုန်အစင်လောင်ကျွမ်းရမည်။ ၎င်းကိုမစားရ”ဟု မိန့်တော်မူ၏။
မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။
(အစ္စရေးအမျိုးသားတို့သည် ဗေရုတ်ဗင်္ယာကန်အရပ်မှ မောသရုတ်အရပ်သို့ ခရီးပြုကြ၏။ အာရုန်သည် ထိုအရပ်၌သေဆုံးသဖြင့် ထိုအရပ်၌ပင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ့သားဧလာဇာသည် သူ့နေရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်၏။
အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။