ဝတ်ပြု 4:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible3 အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ဘိ သိက် ခံ ပ ရော ဟိတ် သည် လူ မျိုး အ ပေါ် တွင် ပြစ် ဒဏ် ထိုက် သော အ ပြစ် ကို ပြစ် မှား မိ လျှင်၊ ထို အ ပြစ် အ တွက် ကြန် အင် စုံ သော နွား ပေါက် ကို အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် စေ။ အခန်းကိုကြည့်ပါ။Judson Bible3 ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖို့အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ အခန်းကိုကြည့်ပါ။ |
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့နှင့် ဘိသိက်ဆီအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာပေါ်၌လည်းကောင်း၊ သူ့သားတို့နှင့် သူ့သားတို့၏အဝတ်တန်ဆာပေါ်၌လည်းကောင်း ဖျန်းရမည်။ သို့ပြုလျှင် အာရုန်နှင့်သူ၏အဝတ်တန်ဆာသည်လည်းကောင်း၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာသည်လည်းကောင်း သန့်ရှင်းလိမ့်မည်။
အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့သည် တိုင်းပြည်အတွက်၊ သန့်ရှင်းရာဌာနတော်အတွက်၊ ယုဒပြည်သူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်၊ သိုးသငယ် ခုနစ်ကောင်၊ ဆိတ်ထီး ခုနစ်ကောင်တို့ကို ယူဆောင်လာပြီး ဟေဇကိမင်းကြီးက အာရုန်၏သားမြေးယဇ်ပုရောဟိတ်တို့အား ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရန် မိန့်ဆို၏။