ဝတ်ပြု 6:22 - Common Language Bible22 အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible22 အာ ရုန့် အ ရိုက် အ ရာ ၌ သား စဉ် မြေး ဆက် အ နက် ဘိ သိက် ခံ ပ ရော ဟိတ် ဆက် ကပ် လျက် အ မြဲ ထုံး ဖွဲ့ ချက် အ ရ ထာ ဝ ရ ဘု ရား ရှေ့ အ ကုန် အ စင် ကျွမ်း လောင် စေ။ အခန်းကိုကြည့်ပါ။Judson Bible22 အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သကာကိုပြုရမည်။ ထာဝရဘုရားအဖို့ ထာဝရပညတ်တော်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 အာရုန်၏သားမြေးများထဲမှ သူ၏အရိုက်အရာကိုဆက်ခံသော ဘိသိက်ခံယဇ်ပုရောဟိတ်သည် ထိုပူဇော်သက္ကာကိုပူဇော်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ထာဝရဘုရားအားပူဇော်သော ထိုပူဇော်သက္ကာကို အကုန်အစင်လောင်ကျွမ်းအောင် ရှို့ရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။