Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ့​လူမျိုး​တော်​၏​အပြစ်ဖြေရာယဇ်ကောင်​ကို စား​ရ​သောကြောင့် လူ​တို့​အပြစ်​ပြု​သည်​ကို သူ​တို့​နှစ်သက်​သဘောကျ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ့​လူ​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို စား​လျက်​နှင့်​ပင်၊ ထို​အ​ပြစ်​ကို စိတ်​စွဲ​လမ်း​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 4:8
18 ပူးပေါင်းရင်းမြစ်များ  

အပြစ်ဒဏ်ဖြေရာယဇ်​၊ အပြစ်ဖြေရာယဇ်​တို့​မှ​ရ​သော​ငွေ​များ​မှာ ယဇ်ပုရောဟိတ်​တို့​အတွက်​သာ​ဖြစ်​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​သွင်း​ကြ​။


ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။


“​အချင်း​လူသား​၊ ဤ​လူ​တို့​သည် သူ​တို့​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ သူ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ငါ့​အား​မေးလျှောက်​သည်​ကို ငါ​ခွင့်ပြု​ရ​မည်လော​။


ငါ​နှင့်​ဝေးကွာ​၍ မိမိ​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ မိမိ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ပရောဖက်​ထံသို့​လာရောက်​မေးမြန်း​သော မည်သည့်​အစ္စရေး​လူမျိုး​မ​ဆို​၊ အစ္စရေး​လူမျိုး​တို့​နှင့်အတူ​နေထိုင်​သော မည်သည့်​တိုင်းတစ်ပါးသား​မ​ဆို ငါ​ထာဝရဘုရား​ကိုယ်တိုင် တုံ့ပြန်​မည်​။


သင်​တို့​သည် ဆိုးယုတ်မှု​ကို စိုက်ပျိုး​သောကြောင့် မတရားမှု​ကို​ရိတ်သိမ်း​ရ​၏​။ မုသား​အသီး​ကို စား​ရ​၏​။ အကြောင်းမှာ ကိုယ့်​နည်းလမ်း​၊ ကိုယ့်​စစ်သူရဲ​အလုံးအရင်း​ကို​သာ ယုံကြည်အားကိုး​ကြ​၏​။


ဧဖရိမ်​က ‘ငါ​ကိုယ်တိုင် ဥစ္စာဓန​ကို ရှာတွေ့​၍ ချမ်းသာကြွယ်ဝ​ပြီ​။ ထို​ဥစ္စာဓန​တို့​ကို ဒုစရိုက်​ပြု​ခြင်း​ဖြင့် ရရှိ​သည်​ဟု မည်သူ​မျှ ငါ့​ကို​အပြစ်​ဆိုစရာ​အကြောင်း​မ​ရှိ’​ဟု ဆို​၏​။


အို အစ္စရေး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လှည့်​လော့​။ သင်​သည် သင်​၏​အပြစ်​ကြောင့် ခလုတ်တိုက်​လဲကျ​လေ​ပြီ​။


အာရုန်​၏​သားမြေး​များ​ထဲမှ သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​သော ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် ထို​ပူဇော်သက္ကာ​ကို​ပူဇော်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်ပြီး ထာဝရဘုရား​အား​ပူဇော်​သော ထို​ပူဇော်သက္ကာ​ကို အကုန်အစင်​လောင်ကျွမ်း​အောင် ရှို့​ရ​မည်​။


အပြစ်ဖြေရာယဇ်​ကို​ပူဇော်​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်​ကို စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်း​အတွင်း သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။


အကြီးအမှူး​တို့​သည် တံစိုးလက်ဆောင်​ရ​ရန် တရားစီရင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း အဖိုးအခ​ရ​ရန် သွန်သင်​ကြ​၏​။ ပရောဖက်​တို့​သည်​လည်း ငွေ​ရ​ရန် ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​ကြ​၏​။ ထာဝရဘုရား​ကို အမှီပြု​၍​လည်း “​ထာဝရဘုရား​သည် ငါ​တို့​အလယ်​တွင်​ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​ကြ​၏​။


“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။


ထို​သူ​တို့​ကို နှုတ်ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မစင်ကြယ်​သော​အကျိုးစီးပွား​အတွက် မ​သွန်သင်​အပ်​သော​အရာ​များ​ကို​သွန်သင်​လျက် မိသားစု​များ​ကို အစု​လိုက်​ချွတ်ချော်​လွဲမှား​စေ​ကြ​၏။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


ငါ​ကိန်းဝပ်​ရာ​အရပ်​၌ ပူဇော်​ရန် ငါ​မိန့်မှာ​ထား​သော​ယဇ်​နှင့် ပူဇော်သက္ကာ​ကို အဘယ်ကြောင့် မထီမဲ့မြင်ပြု​ကြ​သနည်း​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ပူဇော်​သမျှ​တို့​ထဲမှ အကောင်းဆုံး​ကို​ယူ​၍ သင်တို့ကိုယ်​ကို​ဝလင်​စေ​ခြင်း​ဖြင့် သင်​သည် သင့်​သား​တို့​ကို ငါ့​ထက်​ပို၍ အဘယ်ကြောင့်​ဂုဏ်ပြုချီးမြှောက်​သနည်း’​ဟု မိန့်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ