ဝတ်ပြု 8:21 - မြန်မာ့စံမီသမ္မာကျမ်း21 မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော လျက် ပ လ္လင် တော် ပေါ် မှာ တစ် ပုံ လုံး မီး ဖြင့် ပူ ဇော် ခြင်း များ ကို ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပြု လေ၏။ ထို အ ရာ သည် စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ရှို့ ရာ သ က္ကာ၊ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကိုဆေးကြော၍၊ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ မွှေးကြိုင်ရာဖို့ မီးရှို့သောယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။