သူသည် ထာဝရဘုရားအား သိုးဆိတ်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီး၊ သို့မဟုတ် အမကို ပူဇော်ရမည်။
သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ၊ မိတ်သဟာယ ယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာကင်း သောအထီးကိုဖြစ်စေအမကိုဖြစ်စေပူ ဇော်ရမည်။-
သိုး ဆိတ် အုပ် မှ ထာ ဝ ရ ဘု ရား ထံ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို ဆက် ကပ် လျှင် ကြန် အင် စုံ သော အ ထီး အ မ တစ် ကောင် ကောင် ကို လှူ ဒါန်း စေ။
ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကိုဆက်ရမည်။
ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သင်တို့သည် ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သောအခါ ထာဝရဘုရားလက်ခံအောင် ပူဇော်ရမည်။
အနာအဆာပါသောမည်သည့်အကောင်ကိုမျှ မပူဇော်ရ။ ပူဇော်လျှင် သင်တို့အား လက်ခံတော်မူမည်မဟုတ်။
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်တစ်ကောင်၊ မိတ်သဟာယယဇ်အတွက် တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကို ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
ပူဇော်သက္ကာအဖြစ် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်၊
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။
ထိုနက်နဲသောအရာဟူမူကား အချိန်အခါများပြည့်စုံသောအခါ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ၊ အရာခပ်သိမ်းတို့ကို ခရစ်တော်၌ပေါင်းစည်းစေရန် စီမံခန့်ခွဲတော်မူခြင်းဖြစ်၏။