Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 15:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သိုးသငယ်​တစ်​ကောင်​အတွက် မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​နှင့်အတူ စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ်​ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယဇ်​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆီ​သုံး​လော​ဃ​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း ပြင်​ဆင်၍​ဆောင်​ခဲ့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 15:5
18 ပူးပေါင်းရင်းမြစ်များ  

ဤတွင် များစွာ​သော​မီးရှို့ရာယဇ်​အပြင် အဆီ​ဖြင့်​ပူဇော်​သော​မိတ်သဟာယယဇ်​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​နှင့်​ပူဇော်​သော မီးရှို့ရာယဇ်​များ​လည်း ပါရှိ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို ပြန်လည်​အသက်ဝင်​စေ​ခဲ့​၏​။


ထို​ငွေ​တို့​ဖြင့် နွား​၊ သိုးထီး​၊ သိုးသငယ်​နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ချက်ချင်း​ဝယ်​၍ ဂျေရုဆလင်​မြို့​ရှိ သင်​တို့​၏​ဘုရားသခင်​အိမ်​တော်​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​လော့​။


ငါ​သည် ကယ်တင်​ခြင်း​ခွက်ဖလား​ကို​မြှောက်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​မည်​။


သိုးသငယ်​တစ်​ကောင်​ကို ညှစ်ယူ​သော​သံလွင်ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​နှင့်​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​နှင့်​လည်းကောင်း ပူဇော်​ရ​မည်​။


အကျွန်ုပ်​ကို ဆွဲခေါ်​သွား​ပါ​။ အကျွန်ုပ်​တို့ ပြေး​ကြ​ပါစို့​။ ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အတွင်းခန်း​သို့ ခေါ်ဆောင်​သွား​ပါ​၏​။” “အကျွန်ုပ်​တို့ ရွှင်လန်း​ဝမ်းမြောက်​ကြ​ပါ​၏​။ စပျစ်ဝိုင်​ထက် အရှင့်​မေတ္တာ​အကြောင်း​ကို ချီးမွမ်း​ကြ​ပါ​မည်​။ အရှင့်​ကို အမှန်တကယ်​ချစ်​ကြ​ပါ​၏​။”


သူ​သည် သိုးဆိတ်​များ​ထဲမှ သိုး​ကို​ဖြစ်စေ​၊ ဆိတ်​ကို​ဖြစ်စေ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။


ထို​ယဇ်​နှင့်အတူ ပူဇော်​သော​ဘောဇဉ်ပူဇော်သက္ကာ​သည် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ဖြစ်​ရ​မည်​။ ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ဖြစ်​၏​။ ထို​ယဇ်​နှင့်အတူ ပူဇော်​သော​သွန်းလောင်းရာပူဇော်သက္ကာ​သည်​လည်း စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ဖြစ်​ရ​မည်​။


သူ​သည် ထာဝရဘုရား​အား သိုးဆိတ်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​၊ သို့မဟုတ် အမ​ကို ပူဇော်​ရ​မည်​။


သိုးသငယ်​ကို ပူဇော်​လို​လျှင် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။


မည်မျှ​ကောင်းမြတ်​ပါ​သနည်း​။ မည်မျှ​တင့်တယ်​ပါ​သနည်း​။ လူပျို​အပျို​တို့​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ကြောင့် ကြီးပွားတိုးတက်​ကြ​လိမ့်မည်​။


နွားထီး​၊ သိုးထီး​၊ သိုးသငယ်​၊ ဆိတ်သငယ် တစ်ကောင်ကောင်​ကို​ပူဇော်​လျှင် ထိုသို့​ပြု​ရ​မည်​။


သိုးထီး​တစ်​ကောင်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​နှင့်​ရော​ထား​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ကို​လည်းကောင်း​၊


နွားထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​တစ်ဝက်​၊ သိုးထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​၊ သိုးသငယ်​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်း​တစ်ရက်နေ့​တိုင်း လစဉ်​ပူဇော်​ရ​သော​မီးရှို့ရာယဇ်​ဖြစ်​၏​။


သွန်းလောင်းရာပူဇော်သက္ကာ​အတွက် သိုးသငယ်​တစ်​ကောင်​နှင့်အတူ စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အဖို့ သန့်ရှင်းရာဌာန​၌ သွန်းလောင်း​ရ​မည်​။


ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။


အကြောင်းမူကား ငါ​သည် သွန်းလောင်း​ပူဇော်​ခြင်း​ကို​ခံ​နေ​ရ​ပြီ။ ဤ​ဘဝ​ကို ငါ​စွန့်ခွာ​ရ​မည့်​အချိန်​ရောက်​လေ​ပြီ။


စပျစ်ပင်​က​လည်း ‘​ဘုရား​နှင့် လူ​တို့​ကို​ဝမ်းမြောက်​စေ​သော ငါ​၏​စပျစ်ဝိုင်​အသစ်​ကို မထုတ်​ပေး​တော့​ဘဲ သစ်ပင်​တို့​အား သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ