ဟေရှာယ 60:7 - မြန်မာ့စံမီသမ္မာကျမ်း
7 ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ကေ ဒါ ပြည် ရှိ သိုး ဆိတ် အ ပေါင်း တို့ သည် သင့် ထံ စု ရ လျက်၊ နာ ဗ ယုတ် ပြည် ရှိ သိုး ထီး တို့ လည်း သင် ဝတ် ပြု ရန် အ ဖြစ် ဖြင့် ပူ ဇော် ရာ ပ လ္လင် တော် ထက် လက် ခံ ဖွယ် ရောက် လာ သည့် ပြင်၊ ငါ့ ကျက် သ ရေ ဗိ မာန် တော် ကို ဂုဏ် ရောက် စေ လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင်၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဖွယ်သောလက္ခဏာနှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ဘုန်းပွင့်စေမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ