ဝတ်ပြု 3:6 - Common Language Bible6 သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ၊ မိတ်သဟာယ ယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာကင်း သောအထီးကိုဖြစ်စေအမကိုဖြစ်စေပူ ဇော်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible6 သိုး ဆိတ် အုပ် မှ ထာ ဝ ရ ဘု ရား ထံ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို ဆက် ကပ် လျှင် ကြန် အင် စုံ သော အ ထီး အ မ တစ် ကောင် ကောင် ကို လှူ ဒါန်း စေ။ အခန်းကိုကြည့်ပါ။Judson Bible6 ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကိုဆက်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သူသည် ထာဝရဘုရားအား သိုးဆိတ်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီး၊ သို့မဟုတ် အမကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။