ဝတ်ပြု 3 - Garrad Bible1 နွား အုပ် မှ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို တင် သွင်း လှူ ဒါန်း လျှင် ကြန် အင် စုံ သော အ ထီး အ မ တစ် ကောင် ကောင် ကို ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း စေ။ 2 လှူ ဒါန်း သော နွား ဦး ခေါင်း ပေါ် တွင် လက် တင်၍ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး စီ ရင် ပြီး လျှင်၊ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သည် ပူ ဇော် ရာ ပ လ္လင် တော် ဘေး ပတ် လည်၌ အ သွေး ကို သွန်း ပက် ကြ ရ မည်။ 3-4 မိတ် သ ဟာ ယ သ က္ကာ အ နက် ဝမ်း တွင်း၌ ဖုံး လွှမ်း သော ဆီ ဥ၊ အုပ် ရစ် သော ဆီ ဥ ရှိ သ မျှ ကျောက် ကပ် တစ် စုံ နှင့် ခါး စောင်း ရှိ ဆီ ဥ၊ ကျောက် ကပ် အ နီး မှ ခွာ ရ သော အ သည်း ဆိုင် ရာ အ ညှို့ များ ကို ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ ဖြစ် ဆက် ကပ် ပြီး မှ၊ 5 အာ ရုန့် သား တို့ သည် ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် မီး ပူ ဇော် ရာ အ ဖြစ် ဖြင့် ပ လ္လင် တော် ရှိ ထင်း မီး အ ထက် မီး ရှို့ ရာ သ က္ကာ အ ပေါ် တွင် ပူ ဇော် ကြ ရ မည်။ 6 သိုး ဆိတ် အုပ် မှ ထာ ဝ ရ ဘု ရား ထံ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို ဆက် ကပ် လျှင် ကြန် အင် စုံ သော အ ထီး အ မ တစ် ကောင် ကောင် ကို လှူ ဒါန်း စေ။ 7 သိုး သား ငယ် ကို လှူ ဒါန်း လျှင် ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း ရာ၊ 8 လှူ ဒါန်း သော သိုး သား ငယ် ဦး ခေါင်း ပေါ် တွင် လက် တင်၍ တွေ့ ဆုံ ရာ တဲ တော် ရှေ့ စီ ရင် ပြီး လျှင် အာ ရုန့် သား တို့ သည် ပ လ္လင် တော် ဘေး ပတ် လည်၌ အ သွေး ကို သွန်း ပက် ကြ ရ မည်။ 9 မိတ် သ ဟာ ယ သ က္ကာ အ နက် ဆီ ဥ၊ ခါး ဆက် မှ ခွာ ရ သော မြီး ထူး၊ ဝမ်း တွင်း၌ ဖုံး လွှမ်း သော ဆီ ဥ၊ အုပ် ရစ် သော ဆီ ဥ ရှိ သ မျှ ကျောက် ကပ် တစ် စုံ နှင့် ခါး စောင်း ရှိ ဆီ ဥ၊ ကျောက် ကပ် အ နီး မှ ခွာ ရ သော အ သည်း ဆိုင် ရာ အ ညို့ များ ကို၊ 10 ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ ဖြစ် ဆက် ကပ် ပြီး မှ၊ 11 ပ ရော ဟိတ် သည် ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ စာ အာ ဟာ ရ အ ဖြစ် ဖြင့် ပ လ္လင် တော် ပေါ် မှာ ပူ ဇော် ရ မည်။ 12 ဆိတ် ကို လှူ ဒါန်း လျှင် ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း ရာ ဦး ခေါင်း ပေါ် တွင် လက် တင် ၍ 13 တွေ့ ဆုံ ရာ တဲ တော် ရှေ့ စီ ရင် ပြီး လျှင် အာ ရုန့် သား တို့ သည် ပ လ္လင် တော် ဘေး ပတ် လည် ၌ အ သွေး ကို သွန်း ပက် ကြ ရ မည်။ 14-15 အ လှူ ဒါ န အ နက် ဝမ်း တွင်း ၌ ဖုံး လွှမ်း သော ဆီ ဥ၊ အုပ် ရစ် သော ဆီ ဥ ရှိ သ မျှ ကျောက် ကပ် တစ် စုံ နှင့် ခါး စောင်း ရှိ ဆီ ဥ၊ ကျောက် ကပ် အ နီး မှ ခွာ ရ သော အ သည်း ဆိုင် ရာ အ ညှို့ များ ကို ထာ ဝ ရ ဘု ရား ထံ မီး က ပူ ဇော် ရာ အ ဖြစ် ဆက် ကပ် ပြီး မှ၊ 16 ဆီ ဥ ရှိ သ မျှ ထာ ဝ ရ ဘု ရား ပိုင် ရာ တော် ဖြစ် သည် နှင့် အ ညီ ပ ရော ဟိတ် သည် စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ အ စာ အာ ဟာ ရ အ ဖြစ် ဖြင့် ပ လ္လင် တော် ပေါ် မှာ ပူ ဇော် ရ မည်။ 17 သင် တို့ အ မျိုး အ စဉ် အ ဆက် နေ ရာ အ ရပ် ရပ်၌ ဆီ ဥ နှင့် အ သွေး ကို မ သုံး ဆောင် ရ ဟူ၍ အ မြဲ အ ထုံး အ ဖွဲ့ ဖြစ် ရ မည် ဟု မိန့် တော် မူ ၏။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar