“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
ဝတ်ပြု 24:5 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။ Common Language Bible မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။- Garrad Bible သင် သည် မုန့် ညက် ကို ယူ၍ တစ် လုံး လျှင် နှစ် စ ရွတ် ကျ မုန့် ပေါက် ဆယ့် နှစ် လုံး ကို ပေါင်း လုပ် ပြီး လျှင်၊ Judson Bible သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တစ်လုံးလျှင် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊ |
“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
သူတို့၏ဆွေမျိုးသားချင်း ကောဟတ်၏သားမြေးအချို့မှာမူ ဥပုသ်နေ့တိုင်း တင်လှူရသောရှေ့တော်မုန့်ကို ပြင်ဆင်ပေးရ၏။
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။
စားပွဲနှင့် စားပွဲ၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ရှေ့တော်မုန့်ကိုလည်းကောင်း၊
စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။
ရှေ့တော်မုန့်စားပွဲပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအပေါ်၌ လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ သွန်းလောင်းရာပူဇော်သက္ကာအတွက် ကရားများကို တင်ရမည်။ နေ့စဉ်တင်ရသောရှေ့တော်မုန့်ကိုလည်း စားပွဲပေါ်၌ ထားရှိရမည်။
သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။
အကျွန်ုပ်တို့၏မျိုးနွယ်စု တစ်ဆယ့်နှစ်မျိုးသည် နေ့ရောညပါ စိတ်အားထက်သန်စွာဖြင့် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် ထိုကတိတော်အတိုင်း ခံစားရရန် မျှော်လင့်နေကြပါသည်။ အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ခြင်းအတွက် ဂျူးလူမျိုးတို့၏စွဲဆိုခြင်းကိုခံနေရပါသည်။
အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ရှေ့တော်မုန့်မှလွဲ၍ အခြားမုန့်မရှိသောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား သန့်ရှင်းသောမုန့်ကို ပေးလိုက်၏။ ထိုမုန့်သည် မုန့်အသစ်ပြန်တင်သောနေ့၌ ထာဝရဘုရားရှေ့တော်မှ စွန့်လိုက်ရမည့်မုန့်ဖြစ်၏။
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။