၂ ရာချုပ် 13:11 - မြန်မာ့စံမီသမ္မာကျမ်း
11 နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ထာ ဝ ရ ဘု ရား ထံ၊ မီး ရှို့ ရာ သ က္ကာ နှင့် နံ သာ ပေါင်း အ သင်း အ ထုံ ကို၊ နံ နက် တိုင်း၊ ညဉ့် ဦး တိုင်း၊ ပူ ဇော် ခြင်း၊ ရွှေ စင် စား ပွဲ ပေါ် တွင် ရှေ့ တော် တင် မုန့် ကို ခင်း ကျင်း ခြင်း၊ ညဉ့် ဦး တိုင်း၊ ထွန်း ရ သော ရွှေ မီး ခုံ ဆိုင် ရာ မီး ခွက် များ ကို ပြင် ဆင် ခြင်း များ ဖြင့်၊ သင် တို့ စွန့် ခွာ သော ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ကျိုး နွံ လျက် နေ ကြ ပါ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဉ့်ဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကိုလည်းကောင်း၊ ညဉ့်ဦးတိုင်းထွန်းစရာဖို့ ရွှေမီးခုံနှင့် မီးခွက်တို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ