နေဟမိ 10:34 - မြန်မာ့စံမီသမ္မာကျမ်း34 ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible34 ပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များဖြစ်ကြသောငါတို့သည် ပညတ်ကျမ်းအရငါတို့ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုမီးရှို့ ပူဇော်ရန်အတွက် လိုအပ်သည့်ထင်းများကို အဘယ်သားချင်းစုတို့ကဆောင်ခဲ့ရကြ မည်ကိုနှစ်စဉ်နှစ်တိုင်းမဲချဆုံးဖြတ်ကြ ပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible34 ၎င်း ပြင် နှစ် တိုင်း အ လှည့် ကျ အ ချိန်၌၊ ပ ည တ္တိ ကျမ်း ဆို နှင့် အ ညီ၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် အ တွင်း၊ ထို ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ လ္လင် ပေါ် မှာ ရှို့ ရန် ထင်း အ လှူ ကို၊ အိမ် ထောင် များ အ လိုက် ဆောင် သွင်း ကြ ရန်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အ သည် သား တို့ မဲ ချ ၍၊ အခန်းကိုကြည့်ပါ။Judson Bible34 ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာ ထင်းပူဇော်သကာကို၊ တစ်နှစ်တစ်နှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ဘုရားသခင်၏ အိမ်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသား ပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။ အခန်းကိုကြည့်ပါ။ |