Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 24:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​၌ မီးခွက်​များ​ကို ရွှေ​စင်​ဆီမီးခုံ​ပေါ်တွင် အစဉ်မပြတ်​စီစဉ်​ပြင်ဆင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 အာ​ရုန်​သည်​ရွှေ​မီး​တိုင်​မှ​မီး​ခွက်​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​၍​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​အ​စဉ်​မ​ပြတ်​ထွန်း​တောက်​လျက် ရှိ​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထာ ဝ ရ ဘု ရား ရှေ့၊ ရွှေ စင် မီး ခုံ တော် ပေါ် တွင် မီး ခွက် များ ကို အ စဉ် အ တိုင်း ခင်း ကျင်း စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 စင်​ကြယ်​သော​မီး​ခုံ၌ မီး​ခွက်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​စဉ်​အ​မြဲ​ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:4
19 ပူးပေါင်းရင်းမြစ်များ  

သန့်ရှင်းရာဌာန​ရှေ့​တွင် ယာဘက်​၌ ဆီမီးခုံ​ငါး​ခုံ​၊ ဝဲ​ဘက်​၌ ဆီမီးခုံ​ငါး​ခုံ​တို့​ကို ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ ထို့ပြင် ပန်းပွင့်​များ​၊ မီးခွက်​များ​၊ မီးငြှိမ်းကိရိယာ​များ​၊


ရွှေ​ဆီမီးခုံ​များ​နှင့်​ရွှေ​မီးခွက်​များ​အတွက် ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဆီမီးခုံ​များ​အတွက်​လည်း ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊


အိမ်​တော်​ဆင်ဝင်တံခါး​များ​ကို​ပိတ်​ထား​ပြီး မီးခွက်​များ​ကို​လည်း ငြှိမ်း​ထား​ပြီ​။ အမွှေးနံ့သာ​ကို​လည်း မ​ပူဇော်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​အဖို့ သန့်ရှင်းရာဌာန​တွင် မီးရှို့ရာယဇ်​ကို မ​ပူဇော်​။


စားပွဲ​နှင့် ထို​စားပွဲ​၏​တန်ဆာပလာ​များ​ကို​လည်းကောင်း​၊ ရွှေ​စင်​ဆီမီးခုံ​နှင့် ထို​ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နံ့သာပေါင်း​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊


ရွှေ​စင်​ဆီမီးခုံ​၊ ဆီမီးခုံ​ပေါ် တစ်တန်းတည်း​ရှိ​နေ​သော​မီးခွက်​များ​၊ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​နှင့် မီးထွန်း​ရန်​အတွက် ဆီ​ကို​လည်းကောင်း​၊


ကိုယ်ရံတော်မှူး​သည် ရွှေစင်​၊ ငွေစင်​ဖြင့်​လုပ်​ထား​သော အင်တုံ​များ​၊ မီးကျီးခံဗန်း​များ​၊ ဇလုံ​များ​၊ အိုး​များ​၊ ဆီမီးခုံ​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​ကို​လည်း သိမ်းယူ​သွား​လေ​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း သက်သေခံချက်​ရှေ့​ရှိ ကန့်လန့်ကာ​၏​အပြင်ဘက်​တွင် အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​၌ နေဝင်ချိန်​မှ နံနက်​တိုင်အောင် မီးထွန်း​ခြင်း​အမှု​ကို အစဉ်မပြတ်​စီစဉ်​ပြင်ဆင်​ရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။


သူ​တို့​သည် သေတ္တာ​၊ စားပွဲ​၊ ဆီမီးခုံ​၊ ယဇ်ပလ္လင်​မှစ၍ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​အသုံးပြု​သည့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ လိုက်ကာ​ကို​လည်းကောင်း​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို​လည်းကောင်း တာဝန်ယူ​ထိန်းသိမ်း​ရ​၏​။


အပြာရောင်​အဝတ်​ကို​ယူ​ပြီး မီးထွန်း​ရန်​အတွက် ဆီမီးခုံ​မှစ၍ ဆီမီးခုံ​၏​မီးခွက်​များ​၊ မီးညှပ်​များ​၊ မီးကျီးခံဗန်း​များ​နှင့် ဆီမီးခုံ​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် ဆီအိုး​ရှိသမျှ​တို့​ကို ဖုံးအုပ်​ရ​မည်​။


“​မီးခွက်​များ​ကို ထွန်းညှိ​သောအခါ မီးခွက်​ခုနစ်​လုံး​သည် ဆီမီးခုံ​၏​ရှေ့ဘက်​၌ လင်း​နေ​ရ​မည်​ဟူ၍ အာရုန်​အား ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား တဲ​တော်​ကို​ပြင်ဆင်​ရာ​တွင် သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော ပထမ​အခန်း​ထဲ၌ ဆီမီးခုံ၊ စားပွဲ​နှင့် ရှေ့​တော်​မုန့်​တို့​ကို​ထား​ရှိ​ကြ​၏။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


ဤ​သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​အရှင်​သခင်​ရှေ့​တော်​၌​ရှိ​သော သံလွင်​ပင်​နှစ်​ပင်​နှင့် ဆီမီးခုံ​နှစ်​ခု​ဖြစ်​ကြ​၏။


ထို့ကြောင့် သင်​သည် မည်သည့်​နေရာ​မှ​ကျဆင်း​ခဲ့​သည်​ကို သတိရ​လျက် နောင်တရ​ကာ ပထမ​ပြု​သော​အမှု​များ​ကို​ပြု​လော့။ ထိုသို့​မ​ပြု​ဘဲ နောင်တ​လည်း​မ​ရ​ပါက သင့်​ထံသို့​ငါ​လာ​၍ သင်​၏​ဆီမီးခုံ​ကို သူ့​နေရာ​မှ​ရွှေ့​လိုက်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ