Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 24:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​မုန့်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ ရွှေ​စင်​ဖြင့်​မွမ်းမံ​သော​စားပွဲ​ပေါ်တွင် တစ်​ပုံ​ကို​ခြောက်​ခု​စီ​ဆင့်​၍ နှစ်​ပုံ ပုံ​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထာ ဝ ရ ဘု ရား ရှေ့ ရွှေ စင် စား ပွဲ တော် ပေါ် တွင် တစ် ပုံ လျှင် ခြောက် လုံး ကျ နှစ် ပုံ တင် ထား လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထာ​ဝ​ရ​ဘု​ရား​ရှေ့ စင်​ကြယ်​သော​စား​ပွဲ​ပေါ်​မှာ မုန့်​တစ်​လုံး​ပေါ်၌ တစ်​လုံး​ကို​ထပ်​ဆင့်၍၊ တစ်​ပုံ​ခြောက်​လုံး​စီ၊ နှစ်​ပုံ​ပုံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:6
13 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​ရွှေ​စားပွဲ​၊


နံနက်တိုင်း​၊ ညနေတိုင်း ထာဝရဘုရား​ထံ​မီးရှို့ရာယဇ်​နှင့် အမွှေးနံ့သာ​တို့​ကို ပူဇော်​ကြ​၏​။ သန့်ရှင်း​သော​စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို တင်​ထား​ပြီး ညနေ​တိုင်း ရွှေ​ဆီမီးခုံ​မှ မီးခွက်​တို့​၌ မီး​ကို​ထွန်း​ထား​၏​။ ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း လိုက်နာ​ကြ​သော်လည်း သင်​တို့​မူကား ဘုရားသခင်​ကို စွန့်ပယ်​ကြ​ပြီ​။


ရှောလမုန်​မင်းကြီး​သည် ဘုရားသခင်​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​၊


ရှေ့တော်မုန့်​၊ ပုံမှန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​၊ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ဓမ္မ​ပွဲတော်​၊ သန့်ရှင်း​သော​အသုံးအဆောင်​များ​၊ အစ္စရေး​လူမျိုး​တို့​အပြစ်ဖြေ​ရန်​အတွက် အပြစ်ဖြေရာယဇ်​များ​နှင့် ဘုရားသခင့်​အိမ်​တော်​၏​အမှု​အလုံးစုံ​တို့​အတွက် ပေးလှူ​ပါ​မည်​ဟူသော ပညတ်ချက်​ကို ချမှတ်​၏​။


ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။


ငါ့​ရှေ့မှောက်​၊ စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို အစဉ်မပြတ်​တင်​ထား​ရ​မည်​။


စားပွဲ​နှင့် စားပွဲ​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ရှေ့​တော်​မုန့်​ကို​လည်းကောင်း​၊


ယဇ်ပလ္လင်​ကို သစ်သား​နှင့်​ပြုလုပ်​ထား​ပြီး အမြင့်​သုံး​တောင်​၊ အလျား​နှစ်​တောင်​ရှိ​၏​။ ပလ္လင်​၏​ထောင့်ချိုး​များ​၊ အောက်ခြေ​နှင့် ဘေးနံရံ​တို့​ကို သစ်သား​နှင့်​ပြုလုပ်​ထား​၏​။ ထို​သူ​က “​ဤသည်ကား ထာဝရဘုရား​၏ ရှေ့​တော်​စားပွဲ​ဖြစ်​၏​”​ဟု ပြောပြ​၏​။


သို့သော် အရာ​အားလုံး​ကို တင့်တယ်​လျောက်ပတ်​စွာ အစီအစဉ်​တကျ​ပြု​ကြ​လော့။


အကြောင်းမူကား တဲ​တော်​ကို​ပြင်ဆင်​ရာ​တွင် သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော ပထမ​အခန်း​ထဲ၌ ဆီမီးခုံ၊ စားပွဲ​နှင့် ရှေ့​တော်​မုန့်​တို့​ကို​ထား​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ