စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
ရှင်ယောဟန် 14:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်မှာ သမ္မာတရား၏ဝိညာဉ်တော်ဖြစ်၏။ ဤလောကသည် ထိုအရှင်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် ထိုအရှင်ကိုမခံယူမရရှိနိုင်။ သို့သော် ထိုအရှင်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိနေမည်ဖြစ်သောကြောင့် သင်တို့သည် ထိုအရှင်ကိုသိကြ၏။ Common Language Bible ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။ Judson Bible ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် သမ္မာတရားကို ဖော်ပြသည့်သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့သည် ထိုဝိညာဉ်တော်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် မခံယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေသည်သာမက သင်တို့အထဲ၌ ရှိနေမည်ဖြစ်သောကြောင့် ထိုအရှင်ကို သင်တို့သိကြ၏။ မြန်မာ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။- |
စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။
ငါသည်လည်း ခမည်းတော်ကိုတောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသောကူညီမစသူတစ်ပါးကို သင်တို့နှင့်အတူ ကာလအစဉ်အဆက်ရှိစေရန် သင်တို့အားပေးတော်မူမည်။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
ခမည်းတော်ထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသည့် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။
သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ငါသည် စိတ်ဝိညာဉ်အားဖြင့် ဆုတောင်း၍ အသိစိတ်အားဖြင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆို၍ အသိစိတ်အားဖြင့်လည်း သီချင်းဆိုမည်။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။
သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူကြောင်းကို သင်တို့မသိကြသလော။
သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။
သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
သင်၌အပ်ထားသည့် ကောင်းမြတ်သောအရာကို ငါတို့၌ကိန်းဝပ်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။
သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။
ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။
ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။