Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​တို့​သည် ယုံကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​၊ မ​ရှိ မိမိကိုယ်ကို​စမ်းသပ်​ကြ​လော့။ မိမိကိုယ်ကို​စစ်ဆေး​ကြ​လော့။ သင်​တို့​အထဲ၌ ယေရှု​ခရစ်တော်​ရှိ​ကြောင်း သင်တို့​ကိုယ်တိုင်​မ​သိ​ကြ​သလော၊ သို့မဟုတ် သင်​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​၌​တည်​ကြည်​သူ​များ ဟုတ်​မ​ဟုတ် မိ​မိ​တို့​ကိုယ်​ကို​ဆန်း​စစ်​ကြ​လော့။ ဤ သို့​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင်​ပါ​မူ သင် တို့​သည်​မိ​မိ​တို့​စိတ်​နှ​လုံး​အ​တွင်း​၌ ခ​ရစ်​တော် ကိန်း​အောင်း​တော်​မူ​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင် တို့ သည် ယုံ ကြည် ခြင်း တ ရား၌ တည်၊ မ တည် ကိုယ် ကို စုံ စမ်း လျက် စံ ချ ကြ လော့။ စံ တော် မ မှီ သူ များ မ ဟုတ် ခဲ့ လျှင် သင် တို့၌ ယေ ရှု ခ ရစ် တည် တော် မူ ကြောင်း ကိုယ် တိုင် မ သိ ကြ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​သ​လော၊ မ​တည်​လော​ဟု ကိုယ်​ကို​ကိုယ် စစ်​ကြော​ကြ​လော့။ ကိုယ်​ကို​ကိုယ် စုံ​စမ်း​ကြ​လော့။ အ​စစ်​မ​ခံ​နိုင်​သော သူ​မ​မှန်​လျှင်၊ ယေ​ရှု​ခ​ရစ်​သည် သင်​တို့၌ တည်​တော်​မူ​သည်​ဟု ကိုယ်​အ​ကြောင်း​ကို ကိုယ်​မ​သိ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သင်တို့​သည် ယုံကြည်ခြင်း​၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်​ကို မိမိ​ကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှု​ခရစ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူကြောင်း သင်တို့​မသိကြသလော။ စစ်ဆေး​ရာတွင် ကျရှုံး​လျှင်မူ ယေရှု​ခရစ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:5
50 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍ အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​၏​။ ညအချိန်​၌ အကျွန်ုပ်​ကို စစ်ကြော​တော်မူ​၏​။ အကျွန်ုပ်​ကို​စစ်ကြော​လျှင်​လည်း အကျွန်ုပ်​၌​မည်သည့်​အရာ​မျှ​တွေ့​ရ​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​နှုတ်​သည် အပြစ်​မ​ကျူးလွန်​မိ​စေရန် အကျွန်ုပ်​စိတ်ပိုင်းဖြတ်​ထား​ပါ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​ကို​စမ်းသပ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​အတွင်းသဘော​ကို စစ်ကြော​တော်မူ​ပါ​။


ထို​သူ​တို့​ကို ထာဝရဘုရား​ပယ်​တော်မူ​ပြီ​ဖြစ်၍ သူ​တို့​သည် ပယ်​ထား​သော​ငွေ​ဟူ၍ အခေါ်​ခံရ​မည်​။


ကိုယ့်​အကျင့်အကြံ​များ​ကို ဆင်ခြင်သုံးသပ်​၍ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။


သူ​ကျူးလွန်​မိ​သော​အပြစ်​များ​ကို​သိမြင်​လာ​ပြီး နောင်တရ​သောကြောင့် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့’​ဟု မိန့်ဆို​ပြီ​။


ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။


ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။


အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။


အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်ဆို​တော်မူ​၏။


ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။


ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


သို့ရာတွင် ခရစ်တော်​သည် သင်​တို့​အထဲ၌​ရှိ​တော်မူ​လျှင် ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေ​နေ​သော်လည်း ဝိညာဉ်​သည် ဖြောင့်မတ်​ခြင်း​ကြောင့် အသက်ရှင်​လျက်​ရှိ​၏။


ထို့ကြောင့် လူ​တိုင်း ကိုယ့်ကိုယ်ကိုယ်​စစ်ဆေး​ပြီးမှ မုန့်​ကို​စား​စေ။ ထိုနည်းတူ ခွက်​ကို​လည်း​သောက်​စေ။


သို့သော် ငါ​တို့​သည် မိမိတို့ကိုယ်ကို​ပိုင်းခြား​၍​သိ​လျှင် စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်။


သင်​တို့​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။


သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်တန်ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံးဝ​မ​ဖြစ်​စေ​ရ။


သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံမှ သင်​တို့​ရရှိ​ထား​သော သင်​တို့​အထဲ၌​တည်နေ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​ဗိမာန်​တော်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ သင်တို့ကိုယ်သင်တို့​မ​ပိုင်​ကြောင်း​ကို​လည်းကောင်း သင်​တို့​မ​သိ​ကြ​သလော။


သန့်ရှင်း​သူ​တို့​သည် ဤ​လောက​ကို​စီရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် ဤ​လောက​ကို​စီရင်​ရ​သည်​ဆိုလျှင် အငယ်ဆုံး​သော​အမှု​များ​ကို​ပင် စီရင်​နိုင်စွမ်း​မ​ရှိ​ကြ​သလော။


အားကစားကွင်း​ထဲ၌ အပြေးပြိုင်​သော​သူ​တို့​သည် အားလုံး​ပြေး​ကြ​သည်​မှန်​သော်လည်း တစ်ဦးတည်း​သာ ဆု​ရရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် သင်​တို့​သည် ဆု​ရရှိ​မည့်​အကြောင်း ပြေး​ကြ​လော့။


သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။


ဘုရားသခင်​၏​ဗိမာန်​တော်​နှင့်​ရုပ်တု​တို့​အကြား​၌ မည်သို့သော​သဘော​တူညီ​မှု​ရှိ​သနည်း။ ဘုရားသခင်​က “ငါ​သည် သူ​တို့​အထဲတွင်​ကိန်းဝပ်​လျက် သူ​တို့​အလယ်၌​သွားလာ​ကာ သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​သည် အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​၏။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


ခရစ်တော်​၏​အသွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ၌ ပေါ်ပေါက်​လာ​သည့်​တိုင်အောင် သင်​တို့​အတွက် သားဖွား​ခြင်း​ဝေဒနာ​ကို ငါ​တစ်ဖန်​ခံစား​ရ​သော ငါ့​သားသမီး​တို့၊


လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။


ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ


သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။


ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။


ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။


ကိုယ်တော်​၌​အမြစ်တွယ်​၍ တည်ဆောက်​ခြင်း​ခံရ​ကာ သင်​တို့​သင်ယူ​ခဲ့​သည့်​အတိုင်း ယုံကြည်​ခြင်း​၌​တည်မြဲ​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​လော့။


သို့သော် အမျိုးသမီး​တို့​သည် ဣန္ဒြေ​စောင့်​ခြင်း​နှင့်တကွ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သန့်ရှင်း​ခြင်း​တို့​၌​တည်​လျှင် သားဖွား​ခြင်း​အမှု​အားဖြင့် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


ယန္နေ​နှင့်​ယံဗြေ​တို့​သည် မောရှေ​ကို​ဆန့်ကျင်​ခဲ့​သည့်​နည်းတူ ထို​သူ​တို့​သည်​လည်း သမ္မာတရား​ကို​ဆန့်ကျင်​ကြ​၏။ သူ​တို့​သည် စိတ်နှလုံး​ပျက်စီး​ယိုယွင်း​လျက် ယုံကြည်​ခြင်း​အရာ​၌ ကျရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။


ဤ​သက်သေခံ​ချက်​သည်​မှန်​ပေ​၏။ ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ဒဏ္ဍာရီ​များ​နှင့် သမ္မာတရား​ကို​စွန့်ပယ်​သော​သူ​တို့​၏​ပညတ်​ချက်​များ​အပေါ် အာရုံ​မ​စိုက်​ဘဲ ယုံကြည်​ခြင်း​အရာ​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်းထန်​စွာ​ဆိုဆုံးမ​လော့။


သူ​တို့​သည် ဘုရားသခင်​ကို​သိ​သည်​ဟု ဝန်ခံ​ကြ​သော်လည်း သူ​တို့​ပြု​သော​အမှု​များ​အားဖြင့် ဘုရားသခင်​ကို​ငြင်းပယ်​၍ ရွံရှာ​ဖွယ်​ကောင်း​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အမှု​ရှိသမျှ​နှင့်​မ​ထိုက်တန်​သော​သူ​များ​ဖြစ်​ကြ​၏။


အသက်ကြီး​သော​ယောက်ျား​တို့​အား သမ္မာသတိ​ရှိ​သော​သူ၊ တည်ကြည်​လေးနက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် ဟောပြော​လော့။


မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။


ထို့ကြောင့် ဘုရားသခင်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​မည့်​ကတိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲမှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိထား​ကြ​ကုန်စို့။


သို့ရာတွင် ဆူးပင်​နှင့်​ဆူးလေပင်​များ​ကို​ပေါက်​စေ​လျှင် အသုံး​မ​ဝင်​သဖြင့် မကြာမီ ကျိန်​ခြင်း​ခံရ​လျက် နောက်ဆုံး​၌ မီးရှို့​ခြင်း​ခံရ​၏။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။


ယုံကြည်​ခြင်း​၌ ခိုင်ခံ့​စွာ​ရပ်တည်​လျက် ထို​မာရ်နတ်​ကို တားဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်၌​ရှိ​သော သင်​တို့​၏​ညီအစ်ကို​များ​သည်​လည်း ထိုကဲ့သို့သော​ဒုက္ခ​ဝေဒနာ​များ​ကို ရင်ဆိုင်​ဖြတ်သန်း​နေ​ရ​ကြောင်း သိမှတ်​ကြ​လော့။


ထို့ကြောင့် သင်​သည် မည်သည့်​နေရာ​မှ​ကျဆင်း​ခဲ့​သည်​ကို သတိရ​လျက် နောင်တရ​ကာ ပထမ​ပြု​သော​အမှု​များ​ကို​ပြု​လော့။ ထိုသို့​မ​ပြု​ဘဲ နောင်တ​လည်း​မ​ရ​ပါက သင့်​ထံသို့​ငါ​လာ​၍ သင်​၏​ဆီမီးခုံ​ကို သူ့​နေရာ​မှ​ရွှေ့​လိုက်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ