၁ ယော 3:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ပ ညတ် တော် များ ကို စောင့် ရှောက် သူ သည် ကိုယ် တော်၌ တည်၍ ထို သူ၌ ကိုယ် တော် တည် တော် မူ၏။ ငါ တို့၌ တည် တော် မူ ကြောင်း သ နား တော် မူ သော ဝိ ညာဉ် တော် အား ဖြင့် ငါ တို့ သိ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible24 ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကို သိရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။