၁ ယော 2:27 - မြန်မာ့စံမီသမ္မာကျမ်း27 သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible27 သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။ အခန်းကိုကြည့်ပါ။Garrad Bible27 သင် တို့၌ ကိုယ် တော့် ထံ မှ ခံ ရ သော ဘိ သိက် တော် တည် ရှိ သ ဖြင့် မည် သူ သွန် သင် ရန် မျှ မ လို။ မု သာ ကင်း၍ ဟုတ် မှန် သော ဘိ သိက် တော် သည် အ ရာ ရာ ကို သွန် သင် သည့် ပြင် သွန် သင် တော် မူ ခဲ့ သည့် အ တိုင်း သင် တို့ တည် နေ ကြ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible27 သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။