ဟေရှာယ 59:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသောစကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |