Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 2:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဝိ​ညာဉ်​တော်​ကို​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် တော်​ချ​ပေး​သည့်​ဆု​ကျေး​ဇူး​များ​ကို​မ​ခံ စား​နိုင်။ ဝိ​ညာဉ်​ရေး​ကို​အ​ခြေ​ခံ​မှ​သာ​လျှင် ထို​အ​ရာ​များ​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင် သ​ဖြင့် ဝိ​ညာဉ်​တော်​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် ဆု​ကျေး​ဇူး​များ​အ​ကြောင်း​ကို​အ​ကယ်​ပင် နား​မ​လည်​နိုင်။ သူ​၏​အ​တွက်​ထို​အ​ရာ​တို့ သည်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သော​အ​ရာ များ​သာ​လျှင်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဘု ရား သ ခင့် ဝိ ညာဉ် တော် ဆိုင် ရာ များ ကို ဝိ ညာဉ် အား ဖြင့် သာ စီ စစ် သိ မြင် ခွင့် ရှိ သော ကြောင့် ပြ က တေ့ လူ သည် လက် မ ခံ၊ မ သိ မ မြင် နိုင် ဘဲ အ မိုက် ဟု ထင် မှတ် တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သို့သော် ဝိညာဉ်တော်​ကို မရရှိထားသောသူ​သည် ဘုရားသခင်​၏​ဝိညာဉ်တော်​ထံမှ အမှန်တရား​ကို မခံယူနိုင်ပေ။ ထို​အရာတို့​သည် သူ့​အတွက် မိုက်မဲသော​အရာများ​ဖြစ်၏။ ထို​အရာတို့​ကို ဝိညာဉ်တော်​အားဖြင့်​သာ ပိုင်းခြားသိမြင်နိုင်​သောကြောင့် သူ​သည် နားမလည်နိုင်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 2:14
36 ပူးပေါင်းရင်းမြစ်များ  

ပြက်ရယ်​ပြု​တတ်​သော​သူ​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​သော်လည်း မ​တွေ့​ပေ​။ အသိဉာဏ်​ရှိ​သော​သူ​မူကား အသိပညာ​ကို​ရ​လွယ်​၏​။


သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။


သူ​တို့​ထဲမှ အများစု​က “သူ​သည် နတ်ဆိုး​ပူး​၍ ရူးသွပ်​နေ​ပြီ။ သူ့​ကို အဘယ်ကြောင့် နားထောင်​ကြ​သနည်း”​ဟု ဆို​ကြ​၏။


ယေရှု​သည် ဤမျှလောက်​များပြား​သော နိမိတ်​လက္ခဏာ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြု​တော်မူ​သော်လည်း သူ​တို့​သည် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​ပေ။


ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။


သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။


ခမည်းတော်​ထံမှ သင်​တို့​ထံသို့ ငါ​စေလွှတ်​မည့် ကူညီ​မစ​သူ​တည်းဟူသော ခမည်းတော်​ထံမှ​လာ​သည့် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ ငါ့​အကြောင်း​ကို သက်သေခံ​လိမ့်မည်။


အချင်းချင်း​ပေး​သော ဘုန်း​အသရေ​ကို​ခံယူ​ကြ​ပြီး တစ်ဆူတည်း​သော​ဘုရားသခင်​ပေး​သော ဘုန်း​အသရေ​ကို​မ​လိုလား​သော သင်​တို့​သည် မည်သို့​ယုံကြည်​နိုင်​ကြ​မည်နည်း။


သင်​တို့​သည် ငါ​ပြောဆို​သော​စကား​ကို အဘယ်ကြောင့်​နား​မ​လည်​ကြ​သနည်း။ ငါ​၏​တရား​စကား​ကို သင်​တို့​နာယူ​နိုင်စွမ်း​မ​ရှိ​သောကြောင့်​ဖြစ်​၏။


သွာတိရ​မြို့​မှ ခရမ်းရောင်​အထည်​ကုန်သည်​ဖြစ်​ပြီး ဘုရားသခင်​ကို​ကိုးကွယ်​သော လုဒိ​အမည်​ရှိ အမျိုးသမီး​တစ်​ဦး​သည်​လည်း နားထောင်​နေ​၏။ ပေါလု​ဟောပြော​နေ​သော​အရာ​တို့​ကို အာရုံစိုက်​စေရန် သခင်​ဘုရား​သည် သူ​၏​စိတ်နှလုံး​ကို ဖွင့်​ပေး​တော်မူ​၏။


ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။


သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။


သို့သော် ၎င်း​သည် သင်​တို့​၏​ပညတ်​တရား၊ စကား၊ အမည်​နာမ​များ​နှင့်​ပတ်သက်​သည့် ပြဿနာ​များ​ဖြစ်​သည်​ဆိုလျှင် သင်​တို့​ကိုယ်တိုင် ကြည့်ရှု​ဖြေရှင်း​ရ​မည်။ ငါ​သည် ထို​အမှု​မျိုး​ကို​တရား​စီရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက်


သူ​တို့​၏​ပြဿနာ​မှာ သူ​တို့​၏​ဘာသာ​တရား​နှင့်​ပတ်သက်​သော​အရာ​အချို့​နှင့် အသက်ရှင်​လျက်​ရှိ​သည်​ဟု ပေါလု​ပြောဆို​သည့် သေလွန်​ပြီး​သော ယေရှု​ဆို​သူ​တစ်​ဦး​နှင့်​ပတ်သက်​သည့် အရာ​များ​သာ ဖြစ်​ပါ​သည်။


အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။


ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။


ဇာတိ​ကိုယ်ခန္ဓာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဝိညာဉ်​ကိုယ်ခန္ဓာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ ဇာတိ​ကိုယ်ခန္ဓာ​ရှိ​လျှင် ဝိညာဉ်​ကိုယ်ခန္ဓာ​လည်း​ရှိ​၏။


သို့သော် ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဦးစွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာတိ​နှင့်ဆိုင်သော​အရာ​ဖြစ်​ပြီးမှ ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဖြစ်​ပေါ်လာ​၏။


ငါ​တို့​သည် လောကီ​ဝိညာဉ်​ကို ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​အား ဘုရားသခင်​ပေး​သနား​တော်မူ​သော​အရာ​တို့​ကို သိ​ရှိ​နိုင်​ရန် ဘုရားသခင်​ထံမှ​လာ​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။


သို့သော် ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိညာဉ်​သဘော​ရှိ​သော​သူ​များ​ကဲ့သို့ ဟောပြော​၍​မ​ရ​ဘဲ သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​၌ ကလေး​သူငယ်​များ​ကဲ့သို့​လည်းကောင်း ဟောပြော​ရ​၏။


ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။


သင်​တို့​မူကား သန့်ရှင်း​တော်မူ​သော​အရှင်​ထံမှ ဘိသိက်​ကျေးဇူး​ကို ခံစား​ရ​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ကို​သိ​ကြ​၏။


သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။


ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။


ထို​သူ​တို့​သည် ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာတိ​နှင့်ဆိုင်သော​သူ၊ ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ