တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
ရောမ 9:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။ Garrad Bible သ ဘော တော် အ တိုင်း သ နား တော် မူ၏။ သ ဘော တော် အ တိုင်း လည်း စိတ် ခဲ ယဉ်း စေ တော် မူ ၏။ Judson Bible ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။ |
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
သို့သော် ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကိုမလွှတ်ဘဲနေလေ၏။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။
မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီး၏ရှေ့၌ ဤအံ့ဩဖွယ်အမှုအလုံးစုံတို့ကိုပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကို မိမိပြည်မှ မလွှတ်ပေးဘဲနေလေ၏။
ငါသည် အီဂျစ်လူမျိုးတို့၏စိတ်နှလုံးကို မာကျောစေသဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါသည် ဖာရောမင်းကြီးမှစ၍ သူ၏စစ်သည်ရှိသမျှ၊ သူ၏စစ်ရထားများ၊ သူ၏မြင်းစီးသူရဲများအားဖြင့် ဘုန်းထင်ရှားလိမ့်မည်။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထိုအခါ ဖာရောမင်းကြီးသည် လူကိုစေလွှတ်ရာ အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေကြောင်း သိရှိ၏။ သို့သော်လည်း ဖာရောမင်းကြီးသည် စိတ်နှလုံးခိုင်မာလျက် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။