ထွက်မြောက် 14:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ဖာ ရော မင်း၏ စိတ် နှ လုံး ကို ငါ ခဲ ယဉ်း စေ၍ သူ လိုက် လံ လိမ့် မည်။ ထို မင်း နှင့် ဗိုလ် ခြေ တို့ အား ဖြင့် ဂုဏ် တော် ထင် ပေါ် လျက် ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း အိ ဂျစ် လူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ သည့် အ တိုင်း ဣ သ ရေ လ လူ တို့ ပြု ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ငါသည်လည်း၊ ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။
အစ္စရေးလူမျိုးတို့ထွက်ပြေးကြောင်းကို အီဂျစ်ဘုရင်အား ကြားလျှောက်သောအခါ ထိုလူမျိုးတို့နှင့်ပတ်သက်ပြီး ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် စိတ်ပြောင်း၍ “ငါတို့သည် အဘယ်ကြောင့် ဤသို့ပြုမိသနည်း။ အကယ်စင်စစ် အစ္စရေးလူမျိုးတို့ကို ငါတို့၏အစေခံအဖြစ်မှ လွှတ်ပေးမိပါပြီတကား”ဟု ဆိုကြ၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။