သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
ရောမ 2:4 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။ Common Language Bible သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။- Garrad Bible သို့ မ ဟုတ် ဘု ရား သ ခင်၏ မေ တ္တာ ကျေး ဇူး တော် သည် သင့် ကို နောင် တ ရ စေ ရန် ပို့ ဆောင် ကြောင်း မ သိ မ မှတ် ဘဲ ကိုယ် တော်၌ ကြွယ် ဝ သော က ရု ဏာ ရှိ ခြင်း၊ သည်း ခံ ခြင်း၊ စိတ် ရှည် ခြင်း များ ကို မ ထီ လေး စား ပြု သ လော။ Judson Bible ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။ |
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။
ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။
သူတို့အား တစ်စိတ်တစ်သဘောတည်း ရှိစေမည်။ စိတ်နှလုံးသစ်ကို ပေးမည်။ သူတို့အထဲမှ ကျောက်နှလုံးသားကိုဖယ်ရှား၍ အသားနှလုံးသားကို ပေးမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
‘ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ၊ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်၏’ဟု မိန့်တော်မူသည်နှင့်အညီ ဖြစ်ပါစေသော။
ဤတွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကြား၌ ခြားနားမှုမရှိ။ အကြောင်းမူကား တစ်ပါးတည်းသောအရှင်သည် လူအပေါင်းတို့၏အရှင်ဖြစ်တော်မူပြီး ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့အား ကြွယ်ဝစေတော်မူ၏။
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ကျေးဇူးတော်များပြားစေရန် ငါတို့သည် အပြစ်ထဲ၌ဆက်၍တည်ရမည်လော။
သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။
သူတို့သည် ဆင်းရဲဒုက္ခကြောင့် ပြင်းထန်သောစမ်းသပ်ခြင်းကိုခံခဲ့ရသော်လည်း သူတို့၏ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် အလွန်ဆင်းရဲတွင်းနက်ခြင်းတို့သည် သူတို့၏ရက်ရောစွာပေးကမ်းခြင်းတည်းဟူသော စည်းစိမ်အဖြစ်သို့ ရောက်လေ၏။
ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
သို့သော် ကရုဏာတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသည့် ကြီးမားသောမေတ္တာတော်အားဖြင့်
ဤသည်ကား ခရစ်တော်ယေရှု၌ ငါတို့အားကျေးဇူးပြုတော်မူခြင်းအားဖြင့် မိမိ၏ထူးကဲသောကျေးဇူးတော်၏ကြွယ်ဝမှုကို နောင်လာမည့်ကာလအစဉ်အဆက်တို့၌ ပြသရန်အတွက်ဖြစ်၏။
ဘုရားသခင်သည် မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုနှင့်အညီ မိမိ၏ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းဝိညာဉ်လူကို တန်ခိုးနှင့်တကွ ကြံ့ခိုင်သန်စွမ်းစေတော်မူ၍
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
သို့သော် ငါသည် ကရုဏာတော်ကိုခံစားရသည့်အကြောင်းမှာ ခရစ်တော်ယေရှုသည် အဆိုးဆုံးဖြစ်သောငါ၌ ခပ်သိမ်းသောစိတ်ရှည်သည်းခံခြင်းကိုပြသတော်မူခြင်းအားဖြင့် ကိုယ်တော်ကိုယုံကြည်၍ ထာဝရအသက်ရရှိမည့်သူများအတွက် ငါ့ကိုစံနမူနာဖြစ်စေရန်ဖြစ်၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။
ထို့ပြင် ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်၏ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားရသောအခွင့်ကို သင်တို့သည် ကြွယ်ဝစွာရရှိကြလိမ့်မည်။
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။
ပထမဦးစွာ သင်တို့သိထားရမည့်အချက်မှာ ပြက်ရယ်ပြုတတ်သောသူတို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ပြက်ရယ်ပြုလျက်ပေါ်လာ၍ မိမိတို့၏တပ်မက်ခြင်းများအတိုင်း လျှောက်လှမ်းကာ
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။
ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။