Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 7:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​တွင် ငါ့​ရှေ့​၌ လာ​၍​ရပ်​ပြီးလျှင် ‘​ငါ​တို့​အပြစ်လွတ်​ပြီ​။ ဤ​စက်ဆုပ်ရွံရှာဖွယ်​အားလုံး​ကို ဆက်လက်​ပြု​နိုင်​ပြီ​’​ဟု သင်​တို့​ဆို​ကြ​မည်လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သင်​တို့​သည်​ငါ​စက်​ဆုတ်​သည့်​အ​မှု​များ​ကို ပြု​ကျင့်​ကာ​ငါ​၏​ဗိ​မာန်​တော်​သို့​လာ​၍ ငါ့ ရှေ့​မှောက်​၌​ရပ်​ပြီး​လျှင်`ငါ​တို့​သည်​ဘေး ကင်း​ကြ​ပြီ၊ ဤ​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​ရာ​တို့​ကို​လုပ်​နိုင်​ကြ​ပြီ' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 နာ မ တော် ဖြင့် သ မုတ် ခံ သော ဤ ဗိ မာန်၌၊ မျက် မှောက် တော် တွင် လာ ရောက် ရပ် နေ လျက်၊ ငါ တို့ သည် ထို ရွံ ရှာ ဖွယ် အ မှု ရှိ သ မျှ ကို ပြု လုပ် ကြ အံ့ သော ငှာ၊ ဘေး လွတ် ကြ ပြီ ဟု ဆို ဝံ့ ကြ မည် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၌၊ ငါ့​ရှေ့​မှာ​ဝင်၍ ရပ်​လျက်၊ ဤ​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​နုတ်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို​ခံ​ရ​ပါ​ပြီ​ဟု လျှောက်​ရ​ကြ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 7:10
31 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က သူ့​အား “​ငါ့​ရှေ့မှောက်​တွင် သင်​ဆုတောင်း​အသနားခံ​သည်​ကို ငါ​နားညောင်း​ပြီ​။ သင်​တည်ဆောက်​သော​ဤ​အိမ်​တော်​ကို ငါ​သန့်ရှင်း​စေ​မည်​။ ငါ့​နာမ​အဖို့ အစဉ်​တည်​စေ​မည်​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။


“​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။


“​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​အစဉ်​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။


မိမိကိုယ်တိုင်​ထွင်းထု​ထား​သော ရုပ်တုဆင်းတု​ကို​လည်း ဘုရားသခင်​၏​အိမ်​တော်​တွင် ထားရှိ​၏​။ ဘုရားသခင်​က ဤ​အိမ်​တော်​နှင့်​ပတ်သက်၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သား​တော်​ရှောလမုန်​မင်းကြီး​တို့​အား “​အစ္စရေး​မျိုးနွယ်​တို့​ပိုင်​သော​မြို့​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​၊ ဤ​အိမ်​တော်​တွင် ငါ့​နာမ​ကို အစဉ်​တည်​စေ​မည်​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


မိမိကိုယ်မိမိ သန့်ရှင်း​သော​မြို့သား​ဟု ခံယူ​သော​သူ​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟု အမည်​ရှိ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို အမှီပြု​သော​သူ​တို့ ဖြစ်​ကြ​၏​။


ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်​သော ငါ့​အိမ်​တော်​၌ ရွံရှာဖွယ်​ရာ​များ​ကို​ထားရှိ​ခြင်း​ဖြင့် ငါ့​အိမ်​တော်​ကို ညစ်ညူး​စေ​ကြ​ပြီ​။


ယခုတွင် သင်​တို့​သည် နောင်တရ​၍ ငါ့​မျက်မှောက်​၌ မှန်​သော​အရာ​ကို ပြု​ကြ​၏​။ အိမ်းနီးချင်း​အချင်းချင်း​အား လွတ်မြောက်​ခွင့်​ရ​ပြီ​ဟု ကြေညာ​ကြ​၏​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ငါ့​အိမ်​တော်​၊ ငါ့​မျက်မှောက်​တွင် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​၏​။


ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင် သင်​တို့​ဘိုးဘေး​များ​၊ ယုဒ​ရှင်ဘုရင်​များ​၊ မိဖုရား​များ​၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး​များ ပြု​ခဲ့​ကြ​သော မကောင်းမှု​များ​ကို သင်​တို့​မေ့လျော့​ကြ​ပြီ​လော​။


ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​ကို ဓားပြ​ခိုအောင်းရာ​ဖြစ်​သည်​ဟု သင်​တို့​ထင်​ကြ​သလော​။ သင်​တို့​ပြု​သော​အမှု​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သို့ဖြစ်၍ သင်​တို့​ယုံကြည်ကိုးစား​ရာ​ဖြစ်​သည့် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​ကို​လည်းကောင်း​၊ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​ကို​လည်းကောင်း ရှိလော​အရပ်​၌ ပြု​ခဲ့​သည့်​နည်းတူ ငါ​ပြု​မည်​။


ထာဝရဘုရား​က “အကယ်စင်စစ် ယုဒ​အမျိုးသား​တို့​သည် ငါ့​ရှေ့​၌ မကောင်းမှု​ကို​ပြု​ကြ​ပြီ​။ သူ​တို့​သည် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​၌ ရွံရှာဖွယ်​ရုပ်တု​များ​ကို​ထား​၍ ညစ်ညူး​စေ​ကြ​ပြီ​။


အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘သွား​ကြ​၊ ကိုယ့်​ရုပ်တု​ကို ကိုယ်​ကိုးကွယ်​ကြ​လော့​။ နောက်​မှ ရုပ်တု​များ​ကို ပူဇော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို မ​ရှုတ်ချ​တော့​ဘဲ ငါ့​စကား​ကို နားထောင်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် သင့်​ကို​မုန်း​သဖြင့် သင့်​ချွေးနှဲစာ​ရှိသမျှ​ကို​ယူ​၍ သင့်​ကို အဝတ်မပါ​အချည်းစည်း ပစ်ထား​ကြ​လိမ့်မည်​။ သင်​သည် အရှက်မရှိ ပြည့်တန်ဆာ​လုပ်​ခဲ့​ပုံ​များ​၊ ညစ်ညမ်း​သော​အမှု​ပြု​ခဲ့​ပုံ​များ​၊ ဖောက်ပြန်မှားယွင်း​ခဲ့​ပုံ​များ​ကို ငါ​ဖော်ထုတ်​မည်​။


သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၏​။ လူ​အသက်သတ်​၏​။ ရုပ်တု​များ​နှင့် ဖောက်ပြန်​၏​။ ငါ့​အဖို့ ဖွားမြင်​သော​သားသမီး​များ​ကို​ပင် ထို​ရုပ်တု​တို့​၏​အစာ​အဖြစ် ပူဇော်​ကြ​၏​။


သူ​တို့​သည် သားသမီး​များ​ကို​သတ်​ပြီး ရုပ်တု​များ​အား​ပူဇော်​သည့်​နေ့​တွင်ပင် သန့်ရှင်းရာဌာန​ထဲသို့​ဝင်​၍ ညစ်ညူး​စေ​ကြ​၏​။ ငါ့​အိမ်​တော်​တွင်း​၌ ဤသို့​ပြု​ကြ​ပါ​သည်​တကား​။


ထို့ကြောင့် သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​သည် အသွေး​ကို​စား​လျက်​၊ ရုပ်တု​ကို​မျှော်ကြည့်​လျက်​၊ အသက်​ကို​သတ်​လျက်​နှင့်ပင် ထို​ပြည်​ကို ပိုင်ဆိုင်​လို​သေး​သလော​။


သူ​တို့​သည် ငါ့​လူမျိုး​တော်​ကဲ့သို့ သင့်​ထံ​လာ​၍ သင့်​ရှေ့​တွင်​ထိုင်​လျက် သင့်​စကား​ကို နားထောင်​ကြ​သော်လည်း မ​လိုက်နာ​ဘဲ​နေ​၏​။ သူ​တို့​၏​နှုတ်​သည် ချစ်​ဖွယ်​စကား​ကို ပြောဆို​ကြ​၏​။ သူ​တို့​၏​စိတ်​မူကား မတရား​သော​အကျိုး​စီးပွား​ကို စွဲလမ်း​ကြ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် သင်​ပြု​သော စက်ဆုပ်​ရွံရှာဖွယ်​အမှု​အပေါင်း​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ပြီ​ဖြစ်၍ ငါ​အသက်ရှင်​သည်​နှင့်အညီ သင့်​ကို မ​သနား​၊ မ​ညှာတာ​ဘဲ သုတ်သင်​ပစ်​မည်​။


အို ဘုရားသခင်​၊ နား​တော်​ကို လှည့်​၍ ကြား​တော်မူ​ပါ​။ မျက်စိ​တော်​ကို ဖွင့်​၍ ပျက်စီး​သွား​သော​အကျွန်ုပ်​တို့​နေရာ​၊ နာမ​တော်​ဖြင့်​ခေါ်ဝေါ်သမုတ်​တော်မူ​သော​မြို့​တော်​ကို ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ့်​ဖြောင့်မတ်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ ကြီးမား​သော​ကရုဏာ​တော်​ကို​သာ မျှော်ကိုး​လျက် ရှေ့​တော်​၌ အသနား​တော်​ခံ​ပါ​၏​။


လူ​ကို​ချောင်းမြောင်းတိုက်ခိုက်​သော​ဓားပြ​ကဲ့သို့ ယဇ်ပုရောဟိတ်​အုပ်စု​သည် ရှေခင်​မြို့​လမ်း​တွင် လူ​ကို​သတ်​၏​။ သူ​တို့​သည် ရှက်ဖွယ်​အမှု​ကို ပြု​ကြ​၏​။


တဆေးပါသောမုန့်​ကို ကျေးဇူးတော်​ချီးမွမ်း​ရာ​ယဇ်​အနေ​နှင့် ပူဇော်​ကြ​။ စေတနာ​အလျောက်​ပူဇော်သက္ကာ​ကို​လည်း လူ​တကာ​သိ​အောင်​ကြွေးကြော်​လှူဒါန်း​ကြ​။ အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့ ဤသို့​ပြု​ရ​သည်​ကို နှစ်သက်​ကြ​၏”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ခေါင်မိုးပြင်​တွင် ကောင်းကင်​တန်ဆာ​များ​ကို ရှိခိုးကိုးကွယ်​သော​သူ​များ​၊ ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​လျက်​နှင့် မိလကုံ​ဘုရား​ကို​လည်း တိုင်တည်ကျိန်ဆို​ပြီး ရှိခိုးကိုးကွယ်​သော​သူ​များ​၊


ထို့ကြောင့် ယခုမှာ အကျွန်ုပ်​တို့​သည် မာနထောင်လွှား​သော​သူ​ကို မင်္ဂလာ​ရှိ​သော​သူ​ဟု မှတ်ယူ​၏​။ အကယ်စင်စစ် ဆိုးယုတ်​သော​သူ​တို့​သည် ကြီးပွား​တိုးတက်​၏​။ ဘုရားသခင်​ကို စမ်းသပ်​သော​သူ​တို့​သည်​လည်း ဘေးဒုက္ခ​မ​ရောက်”​ဟု ဆို​ကြ​ပြီ​။


သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။


သင်​တို့​အားလုံး​ကို ငါ​ရည်ညွှန်း​ပြောဆို​သည်​မ​ဟုတ်။ ငါ​ရွေးကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖနောင့်​နှင့်​ပေါက်​လေ​၏’ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ရ​မည်။


ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ