ရောမ 6:15 - မြန်မာ့စံမီသမ္မာကျမ်း15 သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။- အခန်းကိုကြည့်ပါ။Garrad Bible15 သို့ ဖြစ် လျှင် မည် သို့ နည်း။ ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ သော ကြောင့် ငါ တို့ ပြစ် မှား လျက် နေ ရ ကြ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ပညတ်တရား၏ လက်အောက်၌ မရှိတော့ဘဲ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ ရှိကြသောကြောင့် ဆက်၍ အပြစ်ကျူးလွန်နိုင်သည်ဟု ဆိုရမည်လော။ ထိုသို့ မဆိုရပေ။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။