၁ တိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် ငါသည် ကရုဏာတော်ကိုခံစားရသည့်အကြောင်းမှာ ခရစ်တော်ယေရှုသည် အဆိုးဆုံးဖြစ်သောငါ၌ ခပ်သိမ်းသောစိတ်ရှည်သည်းခံခြင်းကိုပြသတော်မူခြင်းအားဖြင့် ကိုယ်တော်ကိုယုံကြည်၍ ထာဝရအသက်ရရှိမည့်သူများအတွက် ငါ့ကိုစံနမူနာဖြစ်စေရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible16 သို့ ရာ တွင် ထာ ဝ ရ အ သက် အ လို့ ငှါ ယေ ရှု ခ ရစ် ကို ယုံ ကြည် အံ့ သူ တို့ အ ဖို့ ပုံ စံ ဖြစ် စေ ရန် ခပ် သိမ်း သော စိတ် တော် ရှည် ခြင်း ကို ငါ့ အား ဖြင့် လွန် ကဲ စွာ ပြ သ တော် မူ လို၍ က ရု ဏာ တော် ကို ငါ ခံ ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 သို့သော်လည်း ယေရှုခရစ်တော်သည် အဆိုးဆုံးဖြစ်သူ ကျွန်ုပ်အပေါ် သူ၏ အဆုံးမဲ့သည်းခံခြင်းကို ဖော်ပြရန် ရည်ရွယ်သောကြောင့် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်းသည် ကိုယ်တော်ကို ယုံကြည်၍ ထာဝရအသက်ကို ရရှိကြမည့်သူများအတွက် ကျွန်ုပ်ကို စံနမူနာအဖြစ် ထားရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။