ဟေရှာယ 30:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။