သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
ယေရမိ 7:18 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်မိဖုရားထံ မုန့်ပူဇော်ရန် သားသမီးတို့က ထင်းကောက်ကြ၏။ ဖခင်တို့က မီးမွှေးကြ၏။ မိခင်တို့က မုန့်နယ်ကြ၏။ သူတို့သည် အခြားသောဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့်လည်း ငါ့ကိုအမျက်ထွက်စေကြ၏။ Common Language Bible ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။- Garrad Bible အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ၊ နတ် မိ ဖု ရား အား ခဲ ဖွယ် သ က္ကာ များ ကို တင် သ ရ အံ့ သော ငှာ၊ သူ ငယ် တို့ ထင်း ခွေ ခြင်း၊ အဖ တို့ မီး မွေး ခြင်း၊ အ မိ တို့ မုန့် နယ် ခြင်း များ ကို၊ စိတ် တော် မ သာ မ ယာ လို သော သ ဘော နှင့် ပြု လုပ် ကြ ၏။ Judson Bible ငါ့ကို နှောင့်ယှက်မည်အကြံနှင့်၊ ကောင်းကင်မိဖုရားအဖို့ မုန့်ပြားတို့ကိုလုပ်၍၊ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော်သကာကို ပြုခြင်းငှာ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့်ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။ |
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
“ငါသည် သင့်ကို မြေမှုန့်ထဲမှဆွဲထူ၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။ သို့သော် သင်သည် ယေရောဗောင်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို လမ်းမှားစေပြီး သူတို့ပြုမိသောအပြစ်များသည် ငါ့ကိုအမျက်ထွက်စေ၏။
အခြားဘုရားများကို ဆည်းကပ်သောသူတို့သည် မိမိတို့၏ဝမ်းနည်းပူဆွေးမှုကိုတိုးပွားစေကြလိမ့်မည်။ ငါသည် သူတို့၏သွန်းလောင်းရာပူဇော်သက္ကာနှင့်ဆိုင်သောသွေးကို သွန်းလောင်းမည်မဟုတ်။ ထိုဘုရားတို့၏နာမကိုလည်း ငါ့နှုတ်ဖြင့်ရွတ်ဆိုမည်မဟုတ်။
ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။
လျှိုမြောင်ထဲမှချောသောကျောက်များထဲတွင် သင်၏ဝေစုရှိ၏။ ထိုကျောက်တို့သည် သင်၏ပေါက်မဲဖြစ်၏။ အကယ်စင်စစ် သင်သည် ထိုကျောက်တို့အား သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်၏။ ဤသည်ကို ငါလိုက်လျောရမည်လော။
သို့သော် ထာဝရဘုရားကိုစွန့်ပယ်သောသူများ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူများ၊ ဂါဒဘုရားရှေ့ စားပွဲခင်းသောသူများ၊ မေနိဘုရားရှေ့ ရောစပ်ထားသောဝိုင်ကို ခွက်ထဲသို့ ဖြည့်ပေးသောသူများဖြစ်ကြသော သင်တို့အတွက်
ဤလူမျိုးတို့သည် ငါ့ရှေ့မှောက်တွင် ဥယျာဉ်များထဲ၌ ယဇ်ပူဇော်၍ အုတ်ယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် ငါ့အမျက်ကို အစဉ်နှိုးဆော်ကြ၏။
ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
သူတို့၏သားသမီးများပင် ကုန်းမြင့်များပေါ်ရှိ စိမ်းလန်းသောသစ်ပင်များအနီး၌ မိမိတို့တည်ထားသောယဇ်ပလ္လင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စွဲလမ်းကြလေပြီ။
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
‘သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ သင်တို့ဒုက္ခရောက်အောင် သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။
သင်တို့နှင့် သင်တို့၏မယားတို့က ‘ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်မည်၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်ဟူသော ငါတို့ကတိသစ္စာအတိုင်း ငါတို့ဆက်ဆက်ပြုမည်’ဟု သင်တို့နှုတ်ဖြင့်ဆိုလျက် လက်ဖြင့်ပြီးမြောက်စေတတ်ကြသည်ဖြစ်၍ သင်တို့၏ကတိသစ္စာကို ဆက်ဆက်တည်စေကြ။ သင်တို့၏ကတိသစ္စာကို ဆက်ဆက်ပြုကြဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူပြီ။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
သူတို့သည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ မည်သို့ပြုကြသည်ကို သင်မမြင်သလော။
လူပျိုတို့သည် ကြိတ်ဆုံကျောက်ကို ထမ်းရကြပြီ။ သူငယ်တို့သည် ထင်းပုံကြီးကို မနိုင်မနင်းထမ်းရကြပြီ။
သင်သည် ရာဂစိတ်ပြင်းထန်သော သင့်အိမ်နီးချင်းအီဂျစ်အမျိုးသားတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်းခြင်းဖြင့် ငါ့ကိုအမျက်ထွက်စေပြီ။
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
အခြားသောဘုရားများဖြင့် ကိုယ်တော်ကို သဝန်တိုစေပြီ၊ စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ကိုယ်တော်ကို အမျက်ထွက်စေပြီ။
သူတို့သည် ဘုရားမဟုတ်သောအရာများဖြင့် ငါ့ကို သဝန်တိုစေကြပြီ။ အချည်းနှီးသောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြပြီ။ သို့ဖြစ်၍ ငါသည် မပြောပလောက်သောလူမျိုးဖြင့် သူတို့ကို သဝန်တိုစေမည်။ မိုက်မဲသောလူမျိုးဖြင့် သူတို့ကို အမျက်ထွက်စေမည်။
မိုးကောင်းကင်သို့မျှော်ကြည့်၍ နေ၊ လ၊ ကြယ်စသော ကောင်းကင်တန်ဆာရှိသမျှတို့ကိုမြင်သောအခါ သင်တို့သည် သွေးဆောင်ခံရ၍ မိုးကောင်းကင်တစ်ပြင်လုံးအောက်ရှိ လူမျိုးအပေါင်းတို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်ပေးထားသောထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။