ယေဇကျေလ 16:26 - မြန်မာ့စံမီသမ္မာကျမ်း26 သင်သည် ရာဂစိတ်ပြင်းထန်သော သင့်အိမ်နီးချင်းအီဂျစ်အမျိုးသားတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်းခြင်းဖြင့် ငါ့ကိုအမျက်ထွက်စေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible26 တဏှာကြီးသူအိမ်နီးချင်းအီဂျစ်အမျိုး သားတို့အား မိမိနှင့်အတူအိပ်စက်ခွင့်ပေး ၍ပြည့်တန်ဆာလုပ်ခြင်းအားဖြင့်ငါ၏ အမျက်တော်ကိုနှိုးဆော်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 ရာ ဂ ကြီး လွန်း သော ပြည် နီး ချင်း အိ ဂျစ် လူ တို့ နှင့် လည်း၊ ပြည့် တန် ဆာ လုပ် လျက်၊ အ မျက် တော် တိုက် မြောက် မြား စွာ မှား ယွင်း လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible26 ဆူဖြိုးသော သင်၏အိမ်နီးချင်းအဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကိုနှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။