ယေရမိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ငါ လည်း၊ ငါ့ ကို စွန့် ပယ် ခြင်း၊ အ ခြား ဘု ရား များ အား မီး ဖြင့် ပူ ဇော် ခြင်း၊ ကိုယ့် လက် ဖြစ် ရှေ့ ရှိ ခိုး ခြင်း များ ကို ပြု ကြ သော ဆိုး သွမ်း မှု အ မျိုး အ မျိုး အ တွက် ပြည် သူ ပြည် သား တို့ အ ပေါ် တွင်၊ ဆုံး ဖြတ် တော် မူ ချက် များ ကို ထုတ် ဆင့် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသောဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့သောအပြစ်၊ မိမိတို့လက်ဖြင့် လုပ်သောအရာကို ကိုးကွယ်သောအပြစ် ရှိသမျှတို့ကြောင့်၊ သူတို့ကိုငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။ အခန်းကိုကြည့်ပါ။ |
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
ထာဝရဘုရားကိုစွန့်ပယ်ခြင်းတည်းဟူသော ဆိုးညစ်မှုကို သင်ပြုသောကြောင့် သင်သည် အလျင်အမြန်ဖျက်ဆီးခြင်းခံရမည်။ ပျက်စီးခြင်းသို့မရောက်မချင်း ထာဝရဘုရားသည် သင်ပြုကျင့်လုပ်ဆောင်လေရာရာ၌ ကျိန်ဆဲခြင်း၊ ထိတ်လန့်ချောက်ချားခြင်း၊ ပြစ်တင်မောင်းမဲခြင်းတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မူမည်။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။