Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 5:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 လူပျို​တို့​သည် ကြိတ်ဆုံကျောက်​ကို ထမ်း​ရ​ကြ​ပြီ​။ သူငယ်​တို့​သည် ထင်းပုံကြီး​ကို မနိုင်မနင်း​ထမ်း​ရ​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 လူ​ငယ်​လူ​ရွယ်​များ​သည်​ကျေး​ကျွန်​သ​ဖွယ် စ​ပါး​ကြိတ်​ရ​ကြ​ပါ​၏။ လူ​ငယ်​တို့​သည်​လည်း​လေး​လံ​သော ထင်း​စည်း​များ​ကို​ယိမ်း​ယိုင်​ကာ​သယ်​ပို့​ရ ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 လူ ပျို တို့ သည် ကြိတ် ဆုံ ကို ထမ်း ရ လျက်။ သူ ငယ် တို့ သည် ထင်း ကို မ နိုင် တ နိုင် သယ် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 လူ​ပျို​တို့​သည် ကြိတ်​ဆုံ​ကို ထမ်း​ရ​ကြ​ပါ၏။ သူ​ငယ်​တို့​သည်​လည်း ထင်း​အောက်​မှာ လဲ​ရ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 5:13
11 ပူးပေါင်းရင်းမြစ်များ  

ငါ့​မိန်းမ​သည် အခြား​သူ​၏​မိန်းမ​အတွက် ကြိတ်ဆုံကြိတ်​ရ​ပါစေ​။ အခြား​သူ​တို့​သည် သူ့​ကို ရှုတ်ချ​ကြ​ပါစေ​။


သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။


ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ ကြိတ်ဆုံ​နောက်​ရှိ ကျွန်မ​၏​သားဦး​၊ တိရစ္ဆာန်​တို့​၏​သားဦး​ရှိသမျှ​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​သည် သေ​ကြ​လိမ့်မည်​။


မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိအမျိုးသားချင်း​များ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင်


သင့်​ကို​မုန်း​သော​သူ​၏​မြည်း​သည် လဲကျ​၍ ဝန်​အောက်​၌​ပိနေ​သည်​ကို သင်​တွေ့မြင်​လျှင် ရှောင်မသွား​ဘဲ အမှန်​ကူညီ​ရ​မည်​။


ကြိတ်ဆုံ​ကို​ယူ​၍ မုန့်ညက်​ကြိတ်​လော့​။ သင်​၏​မျက်နှာလွှား​ကို ဖယ်​လော့​။ ဝတ်ရုံ​ကို ချွတ်​လော့​။ အဝတ်​ကို ပေါင်​အထိ​ပင့်​၍ မြစ်​ကို​ကူး​လော့​။


ငါ​နှစ်သက်​သော​အစာရှောင်​ခြင်း​ဟူမူကား မတရား​သော​အချည်အနှောင်​ကို ဖြေပေး​ခြင်း​၊ ထမ်းပိုး​ကြိုး​တို့​ကို ချွတ်ပေး​ခြင်း​၊ ဖိနှိပ်ချုပ်ချယ်​ခံရ​သော​သူ​တို့​ကို လွတ်လပ်​ခွင့်​ပေး​ခြင်း​၊ ထမ်းပိုး​ရှိသမျှ​တို့​ကို​ချိုး​ခြင်း​ပင် မ​ဟုတ်​လော​။


ကောင်းကင်​မိဖုရား​ထံ မုန့်​ပူဇော်​ရန် သားသမီး​တို့​က ထင်း​ကောက်​ကြ​၏​။ ဖခင်​တို့​က မီး​မွှေး​ကြ​၏​။ မိခင်​တို့​က မုန့်​နယ်​ကြ​၏​။ သူ​တို့​သည် အခြား​သော​ဘုရား​များ​ရှေ့​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခြင်း​ဖြင့်​လည်း ငါ့​ကို​အမျက်ထွက်​စေ​ကြ​၏​။


သူ​တို့​သည် လေးလံ​၍ ထမ်းရခက်​သော​ဝန်​များ​ကို ထုပ်ပိုး​လျက် လူ​တို့​၏​ပခုံး​ပေါ်​တင်​တတ်​ကြ​၏။ သူ​တို့​ကိုယ်တိုင်​က​မူ ၎င်း​တို့​ကို မိမိ​တို့​၏​လက်ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။


ဖိလိတ္တိ​လူမျိုး​တို့​က​လည်း သူ့​ကို​ဖမ်းချုပ်​ပြီး မျက်စိ​နှစ်​ဖက်​ကို ဖောက်ထုတ်​ပစ်​၏​။ ထို့နောက် သူ့​ကို ကြေးနီ​ကြိုး​ဖြင့် ချည်နှောင်​ထား​၍ ဂါဇ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ ထို့နောက် သူ့​ကို​အကျဉ်းချ​ထား​၍ ကြိတ်ဆုံကြိတ်​ရ​သည့်​အလုပ်​ကို လုပ်​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ