၃ ရာ 16:2 - မြန်မာ့စံမီသမ္မာကျမ်း2 “ငါသည် သင့်ကို မြေမှုန့်ထဲမှဆွဲထူ၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။ သို့သော် သင်သည် ယေရောဗောင်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို လမ်းမှားစေပြီး သူတို့ပြုမိသောအပြစ်များသည် ငါ့ကိုအမျက်ထွက်စေ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် မြေ မုန့် ထဲ မှ သင့် ကို ငါ မင်း မြှောက် သော် လည်း၊ သင် သည် ယေ ရော ဗောင် လမ်း အ တိုင်း လိုက် လျှောက်၍ အ မျက် တော် တိုက် ပြစ် မှု များ ကို ဣ သ ရေ လ အ မျိုး ပြစ် မှား စေ သော ကြောင့် အခန်းကိုကြည့်ပါ။Judson Bible2 သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှာ ပြုသောကြောင့်၊ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။