ယေရမိ 7:19 - မြန်မာ့စံမီသမ္မာကျမ်း19 ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 သို့ရာတွင်အကယ်ပင်စိတ်မသာမယာဖြစ်သူ မှာငါပေလော'' မဟုတ်ပေ။ ``သူတို့သည်သာ လျှင်မိမိတို့စိတ်ကိုမသာမယာစေလျက် အရှက်ကွဲရကြပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible19 ငါ့ စိတ် မ သာ မ ယာ ရန် မ ဟုတ်၊ ကိုယ့် မျက် နှာ ပျက်၍၊ ကိုယ့် စိတ် မ သာ မ ယာ ရန် ပြု ကြ သည် မ ဟုတ် လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုသို့ပြု၍ ငါ့ကိုနှောင့်ယှက်ကြသလော။ မိမိတို့ မျက်နှာကိုဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့်ယှက်ကြသည် မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့သည် အပြစ်ကြီးလှပါ၏။ အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များသည် ယခုမြင်ရသည့်အတိုင်း တစ်ပါးအမျိုးသား၏ဘုရင်တို့လက်ထဲသို့ရောက်သွားရပြီး ဓားဖြင့်သတ်ဖြတ်ခြင်း၊ သုံ့ပန်းဖြစ်ခြင်း၊ လုယက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံရကြပါ၏။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။