အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 51:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကို သူ​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စွန့်ပစ်​တော်​မ​မူ​။ ခါလဒဲ​ပြည်​ကား သန့်ရှင်း​သော​အရှင်​ကို ပြစ်မှားသောအပြစ်​နှင့်​ပြည့်နှက်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။

Garrad Bible

ချင်း တို့ ပြည် သည်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ရှေ့ တော်၌၊ ပြစ် မှု များ နှင့် ပြည့် လျှံ သည် ဖြစ်၍၊ ဣ သ ရေ လ နှင့် ယုဒ လူ မျိုး သည်၊ ကိုယ့် ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထံ မှ စွန့် ပစ် ခံ ရ ပြီ မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​နေ​ရာ ပြည်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ပြစ်​မှား​သော အ​ပြစ်​နှင့် ပြည့်​သော်​လည်း၊ သူ​တို့​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​တို့​ကို စွန့်​ပစ်​တော်​မ​မူ။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 51:5
37 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​၌ ငါ​ကိန်းဝပ်​မည်​။ ငါ့​လူမျိုး​တော်​အစ္စရေး​ကို ငါ​မ​စွန့်ပစ်​”​ဟု မိန့်​တော်မူ​၏​။


မနာရှေ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​အား ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​ကို​ပြု​၍​ပြစ်မှား​ရာ​ရောက်​စေ​ခဲ့​၏​။ ဂျေရုဆလင်​မြို့​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​အထိ အပြစ်ကင်း​သော​သူ​တို့​၏​အသက်​ကို​သတ်​သော​အပြစ်​များ​နှင့် များပြား​ပြည့်လျှံ​စေ​ခဲ့​၏​။


အကျွန်ုပ်​တို့​သည် ကျွန်​များ​သာ ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​ကို ကျွန်ခံ​ရာ​၌ စွန့်ပစ်​မ​ထား​ဘဲ ပါးရှား​ဘုရင်​ရှေ့​တွင် မေတ္တာကရုဏာ​ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​အသက်​ကို ကာကွယ်​စောင့်ရှောက်​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​စေ​၍ ပြိုပျက်​ရာ​များ​ကို​လည်း ပြန်လည်​ပြုပြင်​စေ​တော်မူ​ပြီ​။ ယုဒ​ပြည် ဂျေရုဆလင်​မြို့​တွင် ကျွန်ုပ်​တို့​ကို တံတိုင်း​သဖွယ် အကာအကွယ်​ပေး​တော်မူ​ပါ​ပြီ​။


အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။ မိမိ​၏​အမွေ​တော်​ကို​လည်း စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။


အို ယာကုပ်​အမျိုး​၊ ဤ​အရာ​တို့​ကို သတိရ​လော့​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ပုံဖော်ဖန်ဆင်း​သည်​ဖြစ်၍ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို ငါ​မေ့လျော့​မည်​မ​ဟုတ်​။


ငါ​သည် ပင်လယ်​ရေ​ကို​ထကြွ​စေ​၍ လှိုင်းတံပိုး​တို့​ကို​မြည်ဟိန်း​စေ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ နာမ​တော်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဖြစ်​၏​။


သူ​တို့​ကို “​ထာဝရဘုရား​ရွေးနုတ်​တော်မူ​သည့် သန့်ရှင်း​သော​လူမျိုး​”​ဟု ခေါ်​ကြ​လိမ့်မည်​။ သင့်​ကို “​စွန့်ပစ်​မ​ခံရ​ဘဲ ပြန်ရှာ​ထား​သော​မြို့​”​ဟု ခေါ်​ကြ​လိမ့်မည်​။


ကိုယ်တော်​သည် ယုဒ​ပြည်​ကို လုံးလုံး​စွန့်ပစ်​တော်မူ​ပြီ​လော​။ ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဇိအုန်​မြို့​ကို ရွံရှာ​တော်မူ​ပြီ​လော​။ အကျွန်ုပ်​တို့​ကို ကုသ​၍​မ​ရ​နိုင်​သည့်​တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်​တော်မူ​သနည်း​။ ငြိမ်းချမ်းမှု​ကို​စောင့်မျှော်​သော်လည်း အကျိုး​မ​ခံစား​ရ​ပါ​။ ကုသ​ရာ​ကာလ​ကို​စောင့်မျှော်​သော်လည်း ကြောက်လန့်စရာ​နှင့်​သာ​ကြုံ​ရ​ပါ​၏​။


အဘယ်ကြောင့် အံ့ဩမှင်တက်​မိ​သူ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အဘယ်ကြောင့် မ​ကယ်တင်​နိုင်​သော​စစ်သူရဲ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အို ထာဝရဘုရား​၊ စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​တို့​နှင့်အတူ​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​များ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။


ငါ​၏​ပြည်​ကို ရွံရှာဖွယ်​လူသေကောင်​ဖြင့် ညစ်ညူး​စေ​၍ ငါ​၏​အမွေမြေ​ကို စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ပြည့်​စေ​သော သူ​တို့​၏​ဒုစရိုက်​၊ သူ​တို့​၏​အပြစ်​များ​ကြောင့် ငါ​သည် သူ​တို့​ကို နှစ်ဆ​တုံ့ပြန်​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ ဤ​အရပ်​ကို ညစ်ညမ်း​စေ​ပြီ​။ သူ​တို့​ကိုယ်တိုင်​မ​သိ​၊ ယုဒ​ဘုရင်​တို့​လည်း​မ​သိ​၊ သူ​တို့​၏​ဘိုးဘေး​တို့​လည်း​မ​သိ​သော အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြ​ပြီ​။ ဤ​အရပ်​ကို​လည်း အပြစ်မဲ့​သော​သူ​တို့​အား​သတ်​သော​အပြစ်​နှင့်​ပြည့်​စေ​ပြီ​။


ထို့ကြောင့် ပရောဖက်​တို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ရှိ​ပရောဖက်​တို့ အစပြု​လိုက်​သော မကောင်းမှု​သည် တစ်ပြည်လုံး​သို့ ပျံ့နှံ့​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် သူ​တို့​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို သောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ထို​နေ့ရက်​၊ ထို​အချိန်​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ငါ​ခွင့်လွှတ်​မည်​ဖြစ်၍ အစ္စရေး​လူမျိုး​၏​ဒုစရိုက်​ကို ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ယုဒ​လူမျိုး​၏​အပြစ်​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ ယာကုပ်​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမွေ​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။


တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ဤ​နေရာ​တွင် ယုဒ​အမျိုးအနွယ်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သေးငယ်​သော​အမှု​ဟု သင်​ထင်​သလော​။ စင်စစ် သူ​တို့​သည် ငါ့​အမျက်​ကို တစ်ချိန်လုံး​ဆွပေး​ပြီး တစ်ပြည်လုံး​ကို ရက်စက်ကြမ်းကြုတ်မှု​များ​နှင့် ပြည့်​စေ​ကြ​ပြီ​။ သစ်ကိုင်း​ကို သူ​တို့​နှာခေါင်း​ထဲသို့ ထိုးသွင်း​ကြ​ပြီ​။


ထိုအခါ ထာဝရဘုရား​က ငါ့​အား “​အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကျူးလွန်​သော​အပြစ်​သည် အလွန်တရာ​ကြီးမား​၏​။ ပြည်​သည် လူသတ်မှု​များ​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ မြို့​သည်​လည်း ဖောက်လှဲဖောက်ပြန်မှု​များ​နှင့် ပြည့်နှက်​လျက်​နေ​၏​။ သူ​တို့​က ‘​ထာဝရဘုရား​သည် ပြည်​ကို စွန့်​တော်မူ​ပြီ​။ ထာဝရဘုရား မြင်​တော်​မ​မူ​’​ဟု ဆို​ကြ​၏​။


သို့သော် အစ္စရေး​အမျိုးသား​တို့​သည် မ​ခြင်တွယ်​နိုင်​၊ မ​ရေတွက်​နိုင်​လောက်အောင် ပင်လယ်​သဲပွင့်​ကဲ့သို့ များပြား​လိမ့်မည်​။ “သင်​တို့​သည် ငါ​၏​လူမျိုး​တော်​မ​ဟုတ်”​ဟု သူ​တို့​အား ပြော​ရာ​အရပ်​၌​ပင် “သူ​တို့​သည် အသက်ရှင်​သော​ဘုရားသခင်​၏​သား​များ”​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်​။


သင်​တို့​၏​ညီအစ်ကို​တို့​ကို “ငါ့​လူမျိုး”​၊ သင်​တို့​၏​နှမ​တို့​ကို “ငါ့​ချစ်သူ​”​ဟု ခေါ်​ကြ​လော့​။


သို့မဟုတ်လျှင် ငါ​သည် သူ့​အဝတ်​ကို​ချွတ်ပစ်​၍ သူ​မွေးလာ​သော​နေ့​က​ကဲ့သို့ အဝတ်အချည်းစည်း​ဖြစ်​စေ​မည်​။ တောကန္တာရ​ကဲ့သို့ ဖြစ်စေ​၍ ခြောက်သွေ့​သော​မြေ ဖြစ်​စေ​မည်​။ ရေငတ်​သေ​စေ​မည်​။


အို အစ္စရေး​အမျိုးသား​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ပြည်သူပြည်သား​တို့​ကို စွဲချက်တင်​လေ​ပြီ​။ “တိုင်းပြည်​တွင် သစ္စာတရား​မ​ရှိ​၊ မေတ္တာကရုဏာ​မ​ရှိ​၊ ဘုရားသခင်​ကို​သိကျွမ်း​ခြင်း​မ​ရှိ​။


တိုင်းပြည်​သည် ကျိန်ဆို​ခြင်း​၊ လိမ်ညာ​ခြင်း​၊ လူသတ်​ခြင်း​၊ ခိုးယူ​ခြင်း​၊ အိမ်ထောင်ရေးဖောက်ပြန်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏​။ လူသတ်မှု​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။


ကိုယ်တော်​နှင့်​တူ​သော​ဘုရား​ရှိ​ပါ​သလော​။ ကိုယ်တော်​သည် အပြစ်​လွှတ်​တော်မူ​သော​ဘုရား​၊ ကြွင်းကျန်​သော​အမွေ​တော်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​တော်မူ​သော​ဘုရား​၊ အမျက်​တော်​ကို​သို​မ​ထား မေတ္တာကရုဏာ​အစဉ်​ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​။


ကိုယ်တော်​သည် ရှေးယခင်​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​သည့်​အတိုင်း ယာကုပ်​အား သစ္စာ​တော်​ကို​လည်းကောင်း​၊ အာဗြဟံ​အား မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ပြ​တော်မူ​မည်​။


ထို​နေ့ရက်​တွင် ငါ​သည် ယုဒ​သူကြီး​တို့​ကို ထင်း​မီးဖို​၊ ကောက်လှိုင်း​မီးတုတ် ဖြစ်စေ​သဖြင့် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက် ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။ ဂျေရုဆလင်​မြို့​မူကား ယခင်​နေရာ​ဖြစ်​သည့် ဂျေရုဆလင်​မြို့​၌ တည်ရှိ​လိမ့်မည်​။


ထို​နေ့ရက်​တွင် ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့သား​တို့​ကို ကာကွယ်​မည်​။ ထို​နေ့ရက်​၌ သူ​တို့​တွင် အားနည်း​သော​သူ​သည် ဒါဝိဒ်​မင်းကြီး​ကဲ့သို့​ဖြစ်​မည်​။ ဒါဝိဒ်​အမျိုးအနွယ်​သည် သူ​တို့​အဖို့ ဘုရားသခင်​ကဲ့သို့​လည်းကောင်း​၊ ထာဝရဘုရား​၏​ကောင်းကင်တမန်​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။


ထာဝရဘုရား​သည် သန့်ရှင်း​ရာ​ပြည်​၌ မိမိ​၏​ဝေစု​အဖြစ် ယုဒ​ပြည်​ကို သိမ်းယူ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကို​လည်း ပြန်လည်​ရွေးချယ်​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။