Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 23:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့ကြောင့် ပရောဖက်​တို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ရှိ​ပရောဖက်​တို့ အစပြု​လိုက်​သော မကောင်းမှု​သည် တစ်ပြည်လုံး​သို့ ပျံ့နှံ့​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် သူ​တို့​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို သောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို့ ကြောင့် ပ ရော ဖက် တို့ ကို ရည် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် တို့ အ စ ပြု သော၊ လူ သ ရော် လူ ပျက် သ ဘော သည်၊ ပြည် လုံး ကျွတ် အ နှံ့ အ ပြား ရောက် ပြီး ဖြစ်၍၊ ထို ပ ရော ဖက် တို့ အား၊ ခါး သော ခဲ ဖွယ် သောက် ဖွယ် ကို၊ ငါ တိုက် ကျွေး မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:15
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အကျွန်ုပ်​၏​အစာ​အတွက် ဆေးခါး​ကို​ကျွေး​၍ အကျွန်ုပ်​ရေငတ်​သောအခါ ဝိုင်ချဉ်​ကို တိုက်​ကြ​ပါ​၏​။


ထို့ကြောင့် ထာဝရဘုရား​က ထို​ပရောဖက်​တို့​သည် ငါ​မ​စေလွှတ်​ဘဲ ငါ့​နာမ​ဖြင့် ‘​ဤ​ပြည်​၌ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ရှိ​’​ဟု ပရောဖက်ပြု​ဟောပြော​ကြ​သောကြောင့် သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဆုံး​စေ​မည်​။


ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။


သူ​တို့​၏​စိတ်​တပ်မက်မှု​နောက်သို့​လိုက်​ကြ​၏​။ သူ​တို့​ဘိုးဘေး​များ သင်ကြား​ပေး​ခဲ့​သည့်​အတိုင်း ဗာလ​ဘုရား​နောက်သို့​လိုက်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် အစ္စရေး​၏​ဘုရားသခင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို​သောက်​စေ​မည်​။


ကိုယ်တော်​သည် ငါ့​ကို ခါး​သော​ဟင်းရွက်​ဖြင့် ဝအီ​စေ​တော်မူ​ပြီ​။ ဒေါနရည်​ဖြင့် မူး​စေ​တော်မူ​ပြီ​။


အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​၊ ဆင်းရဲဒုက္ခ​တို့​ကို သတိရ​တော်မူ​ပါ​။ အကျွန်ုပ်​သောက်​ရ​သော ဒေါနရည်​၊ အဆိပ်ရည်​တို့​ကို​လည်း သတိရ​တော်မူ​ပါ​။


ငါ့​ကို ဝန်းရံ​တိုက်ခိုက်​တော်မူ​ပြီ​။ ခါးသီးမှု​၊ ခက်ခဲမှု​ဖြင့် ဝိုင်းထား​တော်မူ​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် ထို​ပြည်​မှ ရုပ်တု​တို့​၏​အမည်​များ​ကို ပြန်လည်​အမှတ်ရ​ခြင်း မ​ရှိ​လေ​အောင် ငါ ပယ်ဖျက်​ပစ်​မည်​။ ထိုနည်းတူ ထို​ပြည်​မှ ပရောဖက်​များ​နှင့် ဝိညာဉ်ဆိုး​များ​ကို​လည်း ဖယ်ရှား​ပစ်​မည်​။


သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။


ယနေ့ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ စိတ်နှလုံး​လမ်းလွဲ​၍ ထို​လူမျိုး​တို့​၏​ဘုရား​များ​ကို​သွားရောက်​ဝတ်ပြု​သည့် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ​၊ မျိုးနွယ်စု​ဖြစ်စေ​၊ မျိုးနွယ်​ဖြစ်စေ သင်​တို့​တွင် မ​ရှိ​စေ​ရ​။ သင်​တို့​တွင် အဆိပ်​ရှိ​၍​ခါး​သော​အသီး​ကို သီး​စေ​သော​အမြစ်​မ​ရှိ​စေ​ရ​။


ထို​ကြယ်​၏​အမည်​ကား ဒေါန​ဟူ၍​ဖြစ်​ပြီး ရေ​၏​သုံးပုံတစ်ပုံ​သည် ဒေါန​ကဲ့သို့​ခါး​သွား​၏။ ရေ​ခါး​သဖြင့် ထို​ရေ​ကြောင့် များစွာ​သော​လူ​တို့​သည် သေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ