မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ယေရမိ 5:24 - မြန်မာ့စံမီသမ္မာကျမ်း မိုးဦး၊ မိုးနှောင်းကို အချိန်မှန် ရွာစေတော်မူပြီး ငါတို့အဖို့ သီးနှံရိတ်သိမ်းရမည့်သီတင်းပတ်များကို သတ်မှတ်ပေး၍ တည်မြဲစေတော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ကြကုန်စို့ဟု စိတ်ထဲ၌ပင် သူတို့မတွေးကြပေ။ Common Language Bible ရာသီအလိုက်၊ မိုးဦးမိုးနှောင်းကိုရွာသွန်းစေလျက်၊ နှစ်စဉ်အသီးအနှံရိတ်သိမ်းရာကာလကိုစီမံတော်မူသောငါ့အား သင်တို့မကြောက်ရွံ့မရိုသေကြ။- Garrad Bible ရာ သီ အ လျောက် မိုး ဦး၊ မိုး နှောင်း ကို ရွာ စေ လျက်၊ ရိတ် သိမ်း မြဲ ကာ လ သ တင်း ကို စီ မံ တော် မူ သော၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ခန့် ညား ကြ ကုန် အံ့ ဟု မ အောက် မေ့ ကြ လေ စွ။ Judson Bible အချိန်တန်မှ အရင်မိုးနှင့် နောက်မိုးကိုရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာကာလကို ငါတို့အဖို့သိုထားတော်မူသော ငါတို့၏ ဘုရားသခင်ထာဝရဘုရားကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။ |
မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
သူတို့သည် မိုးကိုမျှော်သကဲ့သို့ ငါ့ကို မျှော်တတ်ကြ၏။ သူတို့၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထား၍ မိုးနှောင်းကို မျှော်သကဲ့သို့ ငါ့ကို မျှော်တတ်ကြ၏။
မိုးတိမ်များကို ရေတွက်နိုင်လောက်အောင် မည်သူဉာဏ်ပညာရှိသနည်း။ ကောင်းကင်အိုးတို့ကို မည်သူသွန်ချနိုင်သနည်း။
မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။
ကိုယ်တော်သည် ကောင်းကင်ကိုတိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက် မြေကြီးအတွက် မိုးရေကိုပြင်ဆင်၍ တောင်များပေါ်၌ မြက်ပင်ကိုပေါက်စေတော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုကြွလာတော်မူ၍ ၎င်းအပေါ် ရေကိုသွန်းဖြိုးစေလျက် အလွန်ကြွယ်ဝစေတော်မူ၏။ ဘုရားသခင်၏မြစ်သည် ရေနှင့်ပြည့်လျက်ရှိ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ထိုသို့ပြင်ဆင်၍ လူတို့အား ကောက်ပဲသီးနှံများကိုပေးတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
မိုးနှောင်းကာလတွင် မိုးရွာစေရန် ထာဝရဘုရားထံတောင်းလျှောက်ကြလော့။ ထာဝရဘုရားသည် မိုးတိမ်တိုက်ကို ဖြစ်ပေါ်စေ၏။ မိုးရွာစေခြင်းဖြင့် လူအပေါင်းတို့၏လယ်ပြင်မှ အပင်များအတွက် မိုးရေကို ရရှိစေတော်မူ၏။
သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
ထာဝရဘုရားသည် ကြွယ်ဝသောမိုးကောင်းကင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော်မူပြီး သင်၏ပြည်၌ မိုးကို သူ့အချိန်နှင့်သူရွာစေတော်မူ၍ သင်လုပ်ဆောင်လေရာရာတို့ကိုကောင်းချီးပေးတော်မူမည်။ သင်သည် လူမျိုးများစွာတို့အား ချေးငှားပေးရမည်။ ချေးယူရမည်မဟုတ်။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။