ယောလ 2:23 - မြန်မာ့စံမီသမ္မာကျမ်း23 အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible23 ``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။ သင်တို့အားဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့ နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible23 အို ဇိ အုန် မြို့ သူ မြို့ သား တို့၊ သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကြောင့်၊ အား ရ ရွှင် လန်း ကြ လော့။ ငါ သည် ထိုက် သင့် ရာ မိုး ဦး ကို ပေး သ နား လျက်၊ မိုး ဦး မိုး နှောင်း ကို လည်း တင် ကူး ၍ ကျ ရွာ စေ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible23 အို ဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုးနှင့် နောက်မိုးကို သင်တို့အပေါ်မှာ ရွာစေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့နှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ မှန်ကန်သောလမ်းကို လိုက်လျှောက်နိုင်ရန် သွန်သင်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အား အမွေပေးတော်မူသော ကိုယ်တော်၏မြေပေါ်တွင် မိုးကိုရွာစေတော်မူပါ။